မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ သာစည်မြို့နယ်ရှိ ကျွဲတက်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ သာစည်မြို့နယ်ရှိ ကျွဲတက်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး



ချမ်းအေးသာစံ  ၊ ဇူလိုင် ၂၂


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီးဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာသို့ ရောက်ရှိပြီး ကျွဲတက်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။


အဆိုပါနေရာသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး၊ ခရီးသွားပြည်သူများ လွယ်ကူသက်သာစွာသွားလာနိုင်ရေးနှင့် ယာဉ်ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် X-Ray စက် တိုးချဲ့တပ်ဆင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ အဝင်အထွက် လမ်းတိုးချဲ့ ခင်းကျင်းဆောင်ရွက်ပြီးစီးမှု၊ X-Ray စက်တပ် Mobile ယာဉ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လုပ်ငန်းများချောမွေ့စွာဖြင့် အမြန်ဆုံးပြီးစီးစေရေး၊ လုပ်ငန်းများကြန့်ကြာမှုမရှိစေရေး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)