ထန်းတစ်ပင်၊ ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ဓနဲရိအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်းတိုက်တွင် မွန်းလွဲ( ၁း၀၀)အချိန်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း( YMBA)ဗဟို မှကျင်းပပြုလုပ်သော( ၇၅)ကြိမ်မြောက် ( ၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို အစီအစဉ်( ၉)ခုကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအစီအစဉ် အရ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်မှသြဝါဒကထာမိန့်ကြားခြင်း၊ ဗုဒ္ဓဘာသာကလျာဏယုအသင်း( YMBA)ဗဟို ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် အသင်း၏ရည်ရွယ်ချက်များရှင်းလင်းပြောကြားခြင်း၊ ဗဟိုအတွင်းရေးမှုး(၁)ဦးမင်းမြတ်ဦး၊ တိုင်း( YMBA)အသင်းမှတွဲ/ဘက် အတွင်းရေးမှုးဦးစိုးဝင်း၊ တိုင်းအလုပ်အမှုဆောင် ဦးသန့်စင်လင်း၊ မှော်ဘီခရိုင်ဒုဥက္ကဋ္ဌ ဦးကျော်ပိုင်၊ မြို့နယ်( YMBA)အသင်း နာယက ဦးသန်းရွှေ၊ ဒုဥက္ကဋ္ဌဦးဇော်သိန်း၊ ဦးစိန်သောင်း၊ အတွင်းရေးမှုးဦးရန်လင်းအောင်၊ မြို့နယ်အသင်းအဖွဲ့များ ကျေးရွာအသင်းအဖွဲ့များ မှဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် ဝတ္ထုငွေနဝကမ္မလှုဒါန်းကြသည်။
ဆက်လက်၍ အဆိုတော်ကြည်ဖြူခင်မှ ဓမ္မတေးဖြင့်သီဆိုဖျော်ဖြေခြင်း၊ ဒုတိယအဆင့်ဆုရဆုချီးမြှင့်ခြင်း၊ လမုကျေးရွာကျောင်းသားများမှ နပမ်းဆံသီချင်းဖြင့်သီဆိုကပြဖျော်ဖြေခြင်း၊ တတိယဆုချီးမြင့်ခြင်း၊ ကျောင်းကုန်းကျေးရွာ ပျိုမဒီအဖွဲ့မှ အိုးစည်တီးဖျော်ဖြေခြင်း၊ ခေမာသီဝံကျောင်းမှ အလှအပများဖြင့် ကပြဖျော်ဖြေခြင်းနှင့် အဆိုတော်ကြည်ဖြူခင်မှ အမျိုးသားရေးသီချင်း သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ကျောင်းသား/ကျောင်းသူ မိဘများ( ၇ဝဝ)ဦးတက်ရောက်ခဲ့ပြီး ခမ်းအနားအားညနေ( ၄း၀၀)အချိန်ပြီးမြောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost












No comments:
Post a Comment