မြောက်ဥက္ကလာပ၊ ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူ ပူဇော်သူ၊ တရားဘာဝနာ ပွားများကျင့်ကြံအားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်သူများဖြင့် ကောင်းမှုပြု ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် သာသနာနှစ် ၂၅၆၉ ၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ ဝါဆိုလပြည့်ဓမ္မစကြာအခါ တော်နေ့ တွင် အမြို့မြို့ အနယ်နယ်မှ ဘုရားဖူးပြည်သူများ က ဗုဒ္ဓဘုရားရှင်အား ရည်မှန်း၍ ဘုရားဖူး မျှော်ခြင်း ၊ ပန်း ၊ ရေချမ်း ၊ သစ်သီး ၊ ဆီမီးများ ကပ်လှူ ပူဇော်ခြင်း ၊ ဇီဝိတဒါန ငှက် နှင့် ငါးလွှတ်ခြင်း စသည့် ကောင်းမှုများကို လာရောက်ပြုလုပ်သူများဖြင့် စည်းကားလျက် ရှိသည်။
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရား စတင်ဟောကြားသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာပြတော်မူသောနေ့၊ ဘုရားအဖြစ်ကိုခံယူတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ပေါက်သောနေ့၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့၊ ပုထုဇဉ်ခရီးမှအရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ ''ဧဟိဘိက္ခု''ဟူသောစကားကို စတင်ကြားရသောနေ့စသည်တို့ဖြင့် ထူးခြားသည့်နေ့တစ်နေ့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းများမှ ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost







No comments:
Post a Comment