ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် မုဒုံမြို့၌ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် မုဒုံမြို့၌ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား




မုဒုံ  ၊ ဇူလိုင် ၉


ယနေ့သည် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)ဖြစ်သည်နှင့်အညီ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူ ပူဇော်သူ၊ တရားဘာဝနာ ပွားများကျင့်ကြံအားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်သူများဖြင့် နံနက်ပိုင်းမှစတင်ကာ စည်ကားလျက်ရှိသည်။


မုဒုံမြို့နယ်အတွင်းရှိ အတောင်(၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး၊ ကန်ကြီးစေတီတော်၊ ကန်ကလေးစေတီတော်၊ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီး၊ ဘင်လှိုင်စေတီတော် (မြင်းနှစ်ကောင်)၊ ကမာဝက်မြို့၊ ကျိုက်ဇယ်စေတီတော်အပါအဝင် ဘုရား၊ ပုထိုးစေတီများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဒေသခံပြည်သူများ လာရောက်ပြီး ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။


ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရား စတင်ဟောကြားသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာပြတော်မူသောနေ့၊ ဘုရားအဖြစ်ကိုခံယူတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ပေါက်သောနေ့၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့၊ ပုထုဇဉ်ခရီးမှအရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ ''ဧဟိဘိက္ခု''ဟူသောစကားကို စတင်ကြားရသောနေ့စသည်တို့ဖြင့် ထူးခြားသည့်နေ့တစ်နေ့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းများမှ ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။


ရာမည 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)