သြဂုတ် - ၆
7 EAO Alliance ၏ (၅/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၌ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းနှင့်တကွ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းရေးမှူးများနှင့် အထူးဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ နိုင်ငံတကာ အခင်းအကျင်းနှင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အလားအလာများအပေါ်အခြေခံပြီး လုပ်ငန်းစဉ်များ ချမှတ်ဖော်ဆောင်နိုင်ရေးတို့အတွက် အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီး၏ လက်ရှိနိုင်ငံရေးအခြေအနေ သုံးသပ်တင်ပြချက်များ၊ အတွင်းရေးမှူးအဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာတို့ကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆွေးနွေး နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် အစည်းအဝေးကြီးမှ ပကတိမျက်မှောက် ကြုံတွေ့နေရသည့် အခင်းအကျင်းများနှင့် လိုက်လျောညီထွေစွာဖြင့် လုပ်ငန်းစဉ်များကို အတွင်းရေးမှူးအဖွဲ့က အဆင့်ဆင့်ဖော်ဆောင်နိုင်ရေးတို့အတွက် လမ်းညွှန် သဘောထား (၅ ) ရပ်ကို ချမှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - 7 EAO Alliance
https://t.me/MyanmarNationalPost



No comments:
Post a Comment