ဒေါ်လာ ၁သောင်းခွဲပေးရင် အမေရိကန်ကို လာလည်လို့ရတယ်တဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်လာ ၁သောင်းခွဲပေးရင် အမေရိကန်ကို လာလည်လို့ရတယ်တဲ့


ဩဂုတ်- ၆ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်ပြည်ထောင်စုသည် နိုင်ငံအချို့မှ နိုင်ငံခြားသားများကို ခရီးသွား သို့မဟုတ် စီးပွားရေးဗီဇာအတွက် ဒေါ်လာ ၁၅,၀၀၀ အထိ ပေးဆောင်ရမည့် ရှေ့ပြေးအစီအစဉ်ကို မနေ့က ထုတ်ပြန်ထားကြောင်း ဖက်ဒရယ် မှတ်ပုံတင်ဌာန မှာ ဖော်ပြထားတဲ့ သတိပေးချက်တစ်ခုအရ သိရပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရားမ၀င်လူဝင်မှုကြီးကြပ်ရေးဌာနကို ၎င်း၏သမ္မတသက်တမ်းအတွက် အဓိကအာရုံစိုက်ထားပြီးလုပ်ဆောင်နေပါတယ်။ အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးမယ်လို့လည်း ကတိပြုထားပါတယ်။ ထရမ့်အစိုးရက နယ်စပ်လုံခြုံရေးကို တိုးချဲ့ကာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေး ရန်ပုံငွေ သုံးဆတိုးမြှင့်ထားပါတယ်။ လူသားချင်း စာနာထောက်ထားမှု အစီအစဉ်များကို ဖြတ်တောက်ကာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ 

ဇွန်လတုန်းကလည်း ထရမ့်က လုံခြုံရေးအကြောင်းပြချက်နဲ့ နိုင်ငံ ၁၉ နိုင်ငံမှ နိုင်ငံသားများအတွက် ဝင်ခွင့်ကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း တားမြစ်ထားပြီး ရွှေ့ပြောင်းနေထိုင်သူမဟုတ်တဲ့ ဗီဇာလျှောက်ထားသူ အားလုံးကို မဖြစ်မနေ စပေါ်ငွေပေးရမယ်လို့ ချမှတ်ခဲ့ပါတယ်။  

ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်မယ့် အစီအစဉ်သစ်အရ အမေရိကန် ကောင်စစ်ဝန် အရာရှိများသည် အချို့သော ခရီးသွားများထံမှ ဗီဇာစာချုပ်များအတွက် ဒေါ်လာ ၅ထောင် မှ ၁သောင်းခွဲ့အထိ တောင်းခံမှာ ဖြစ်ပါတယ် ။ အဲ့ဒိအစီအစဉ်က နေထိုင်ခွင့် သတ်မှတ်ချက်များ မလိုအပ်ဘဲ ဗီဇာထပ်တိုးနှုန်းမြင့်သော နိုင်ငံများမှ B-1 နှင့် B-2 ခရီးသွားများအတွက် အကျုံးဝင်ပါတယ်။ 

ဗီဇာစာချုပ်အတွက်ပေးဆောင်ရမယ့် ပမာဏများက ခရီးသွားရည်ရွယ်ချက်၊ အလုပ်အကိုင်၊ ဝင်ငွေ၊ ကျွမ်းကျင်မှုနှင့် ပညာရေးတို့အပါအဝင် လျှောက်ထားသူများ၏ 'ကိုယ်ရေးကိုယ်တာအခြေအနေများ' ပေါ်တွင် အခြေခံမှာဖြစ်ပါတယ် ။ ပစ်မှတ်ထားနိုင်ငံစာရင်းကို အင်္ဂါနေ့နှောင်းပိုင်းတွင် ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ် ။ နိုင်ငံခြားရေးဌာနက လျှောက်ထားသူ မည်မျှ ထိခိုက်မည်ကို အတိအကျ မခန့်မှန်းနိုင်သော်လည်း အစမ်းကာလ အတွင်း ဗီဇာစာချုပ်များ တင်ရန် ခန့်မှန်းခြေ ၂,၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

ထရမ့်ရဲ့အစောပိုင်းခရီးသွားလာခွင့်ပိတ်ပင်မှုလုပ်ထားတဲ့ နိုင်ငံတွေထဲမှာ ချက် ၊ အီရီထရီးယား ၊ ဟေတီ ၊ မြန်မာ နဲ့ ယီမင် နိုင်ငံက လူတွေက အိုဗာစတေး နေထိုင်သူများတယ် လို့ သိရပါတယ် ။  အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး အစီရင်ခံစာတွင် 'နိုင်ငံတွင်း၌ သံသယရှိသူ' ပေါင်း ၅သိန်းကျော်ရှိတယ်လို့ သိရပြီး မက္ကဆီက က အိုဗာစတေးနေထိုင်သူ အများဆုံးပါပဲ။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)