မြန်မာသံအမတ်ကြီးဉီးဆောင်သည့် အာဆီယံ-အစ္စလာမာဘတ်ကော်မတီ (ACI)၊ Institute of Strategic Studies Islamabad (ISSI)နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ (၅၈)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာသံအမတ်ကြီးဉီးဆောင်သည့် အာဆီယံ-အစ္စလာမာဘတ်ကော်မတီ (ACI)၊ Institute of Strategic Studies Islamabad (ISSI)နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ (၅၈)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ





အစ္စလာမာဘတ်မြို့၊ သြဂုတ် ၉

အာဆီယံ-အစ္စလာမာဘတ်ကော်မတီ (ACI)၊ Institute of Strategic Studies Islamabad (ISSI)နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပသည့် (၅၈)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနား စကားဝိုင်းဆွေးနွေးပွဲကို ၇-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် အစ္စလာမာဘတ်မြို့ရှိ၊ Institute of Strategic Studies Islamabad (ISSI) ၌ ကျင်းပခဲ့သည်။ 

အခမ်းအနားသို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ-ပစိဖိတ်ရေးရာဌာန၊ နိုင်ငံခြားရေး တွဲဖက်အတွင်းဝန် H.E. Mr. Imran Ahmed Siddiqi က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အာဆီယံသံအမတ်ကြီးများ၊ အာဆီယံနိုင်ငံများရှိ ပါကစ္စတန်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ခဲ့သည်။ 

အခမ်းအနားသို့ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn က Video Message ပေးပို့ပြောကြားခဲ့ပြီး၊ အာဆီယံ-အစ္စလာမာဘတ်ကော်မတီကိုယ်စား ဥက္ကဌ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏဟန်က အစ္စလာမာဘတ် မဟာဗျူဟာလေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Ambassador Sohail Mahmood နှင့်အတူ အဖွင့်မိန့်ခွန်းပြောကြားကာ၊ အာဆီယံ သံအမတ်ကြီးများ၊ နိုင်ငံခြားရေးတွဲဖက်အတွင်းဝန် Ambassador Imran Siddiqi နှင့် အာဆီယံနိုင်ငံများရှိ ပါကစ္စတန်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများတို့က  အာဆီယံဖြစ်ပေါ် လာသည့် နောက်ခံသမိုင်း၊ (၅၈)နှစ်တာ ကာလအတွင်း ရရှိခဲ့သည့် အောင်မြင်မှုများနှင့် ရှေ့အလားအလာများ၊ အာဆီယံ-ပါကစ္စတန် ကဏ္ဍအလိုက် ဆွေးနွေးဘက်ဆက်ဆံရေးကို ယခုထက်ပိုမို တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)