မြောက်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိ

 





မြောက်ဥက္ကလာပ၊ ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ် သော ရောဂါကာကွယ်နိုင်ရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယနေ့ နံနက်ပိုင်းက ဆေးတက္ကသိုလ်(၂)ဝန်ထမ်းအိမ်ရာနှင့် ဆေးတက္ကသိုလ်(၂)ကျောင်းသား/ကျောင်းသူများ၏ အဆောင်များတွင် ယနေ့ နံနက်ပိုင်းက ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း ဦးဆောင်၍  ဦးစီးအရာရှိ ဦးဇော်မွန် (လုပ်ငန်းခွင်/ပတ်ဝန်းကျင်)နှင့် ကျန်းမာရေး ၀န်ထမ်းများ ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား ၊ သင်တန်းသူများ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌ စောင့်ရှောက်ရေးအသင်း ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ လူမှုကူညီရေး အသင်းအဖွဲ့များ ၊ စေတနာ့၀န်ထမ်းများ ပူးပေါင်း၍ ဆေးတက္ကသိုလ်(၂)ဝန်ထမ်းအိမ်ရာနှင့် ဆေးတက္ကသိုလ်(၂)ကျောင်းသား/ကျောင်းသူများ၏ အဆောင်များသို့ သွားရောက်ကာခြင်မှ တဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်း၊ ဖုံး ၊ သွန် ၊ လဲ ၊စစ် ပြုလုပ်ခြင်း ၊  ဘုရားပန်းအိုး ၊ရေစည်၊ ရေအိုး များတွင် ပိုးလောက်လမ်း ရှိ၊မရှိ စစ်ဆေးခြင်း ၊ရေတွင်း ၊ရေကန်များတွင် အဘိတ် ဆေး ခပ်ခြင်း ၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများအား  အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)