မန္တလေး၊ ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့လက်ခံတွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး လိုအပ်သည့်အပိုင်းများ၌ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆောင်ရွက်နေသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment