ဩဂုတ် - ၆ (ဗုဒ္ဓဟူးနေ့ )
နိုင်ငံတကာသိပ္ပံပညာရှင်တွေပါတဲ့ အဖွဲ့တစ်ဖွဲ့က ဟိုက်ဒရိုကာဗွန်တွေကို စိန်ဖြစ်အောင် အပူချိန်နဲ့ ဖိအားဘယ်လောက်ပေး ရမယ်ဆိုတာကို ဓာတ်ခွဲခန်းထဲမှာ လေ့လာနေစဉ် စိန်လုပ်နေရင်းက ရွှေပါထွက်လာတာကို ပထမဆုံးအကြိမ် အံ့အားသင့်ဖွယ် တွေ့လိုက်ရပါတယ်။
ဂျာမနီနိုင်ငံရှိ ဥရောပ XFEL (အိတ်စရေးမပါတဲ့ အီလက်ထရွန်လေဆာ) ဓာတ်ခွဲခန်းတွင် ဟိုက်ဒရိုကာဗွန်တွေကို အစွန်းရောက် ဖိအားနဲ့အပူအောက်မှာ စမ်းသပ်မှုတစ်ခုလုပ်ခဲ့ကြပါတယ်။ ဟိုက်ဒရိုကာဗွန်များကို အပူပေးရန် အတွက် ရွှေသတ္တုပါးထဲမှာ မြှုပ်ထားပြီးမှ အလွန်ပြင်းတဲ့ အပူနဲ့ ဖိအားပေးခဲ့တာပါ။ အံ့အားသင့်စရာကတော့ စိန်များဖွဲ့စည်းခြင်းကို မြင်ရုံသာမက ရွှေဟိုက်ဒရိုက်တွေကိုပါ တွေ့လာရတာပဲ ဖြစ်ပါတယ်။
"ပုံမှန်အားဖြင့် ဓာတုဗေဒသဘောအရ ရွှေထွက်ဖို့ဆိုတာက ဓာတ်မတည့်တာများတာကြောင့် ထွက်လေ့ မရှိပါဘူး။ မျှော်လည်း မမျှော်လင့်ထားပါဘူး။ ဒါကြောင့် ကျနော်တို့က ရွှေကို စမ်းသပ်ခန်းထဲမှာ အပူစုတ်ယူဖို့အတွက်ပဲ သုံးတာပါ။ ဒီရလဒ်တွေက အပူချိန်နဲ့ ဖိအားတွေရဲ့ သက်ရောက်မှုတွေက သမားရိုးကျ ဓာတုဗေဒနဲ့ ပြိုင်ဆိုင်နေပြီး ဒီထူးခြားဆန်းပြားတဲ့ ဒြပ်ပေါင်းတွေကို ပြင်းထန်တဲ့အခြေအနေတွေမှာ ဖန်တီးနိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိနိုင်ချေရှိတာနဲ့ ဓာတုပစ္စည်းအသစ်အမြောက်အများ ထွက်လာနိုင်တယ်ဆိုတာကို ဒီရလဒ်တွေက ဖော်ပြနေပါတယ်" လို့ စမ်းသပ်မှုမှာ ပါဝင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်က ပြောသွားပါတယ်။
REF: SLAC
https://t.me/MyanmarNationalPost

No comments:
Post a Comment