မီးသတ်ဦးစီးဌာန အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးသတ်ဦးစီးဌာန အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်









နေပြည်တော်၊ ဩဂုတ် ၁

 နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် မီးသတ်စခန်းတွင် ယနေ့မနက်ပိုင်းက အဆင့်မြင့်ရှာဖွေ ကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁၈/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားအား ပြုလုပ် ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက သင်တန်းဆင်း မိန့်ခွန်းပြောကြားကာ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများ ကိုယ်စား သင်တန်းသား ၁ ဦးကို ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနည်းတူ မီးဘေးအန္တရာယ်များအပါအဝင် အခြားသဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက် ဖြစ်ပွားသော ဘေးအန္တရာယ်တစ်မျိုးမျိုးကျရောက်လာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသာမက အဆိုပါဖြစ်စဉ်များတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည် ပိုမိုတိုးတက် မြင့်မားလာစေရန်၊ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို စာတွေ့/ လက်တွေ့ လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဘေးအန္တရာယ်များ ရုတ်တရက်ကျရောက်ပါက ထိခိုက်ဒဏ်ရာရရှိသူများကို အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်၊  နိုင်ငံတကာ မြို့ပြရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့များနည်းတူ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ ရင်ဘောင်တန်းဆောင်ရွက်နိုင်စေရန်နှင့် မီးသတ်ဦးစီး ဌာနတွင် မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) ကို အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး အကြံပေးအဖွဲ့ (International Search and Rescue Advisory Group-INSARAG) ၏ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၆၀ ဦးတို့ဖြင့် ၁၂-၅-၂၀၂၅ ရက်နေ့မှ ၁-၈-၂၀၂၅ ရက်နေ့အထိ ရက်သတ္တ(၁၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်သည်။

 သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် အရာရှိကြီးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)