မန္တလေး၊ သြဂုတ် ၁၀
မန္တလေးမြို့တွင် ခရစ်ယာန်ဘာသာရေး ဆရာတချို့က ဗုဒ္ဓဘာသာကို ပုတ်ခတ်စော်ကား ပြောဆိုပြီး ဘာသာရေး စည်းရုံးသိမ်းသွင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အင်္ဂလိပ်စာ သင်ကြားပေးမည်ဟု ခေါ်ယူပြီး ဘာသာရေးစည်းရုံးသိမ်းသွင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း မန္တလေးမြို့မှ ဆရာတော် အရှင်ခေမာနန္ဒက ဆက်သွယ်မိန့်ကြားသည်။
ဆရာတော် က "အမရပူရမြို့နယ်မှခရစ္စယာန်အဖွဲ့ က ငလျင်ပြီးနောက်မှာ အတော်လှုပ်ရှားလာတာ တွေ့ရတယ်။ သဘာဝဘေးသင့်ပြည်သူကို ကားတွေနဲ့ မန္တလေးကချပ်ကျောင်းတခုကို အရင်ခေါ်တယ်။ ပြီးရင်ဘာသာရေးတရား ဟောတယ်။ အပြန်ကြ ဆီတစ်ဗူး၊ ဆန်သုံးလေးပြည်နဲ့ ပိုက်ဆံလှူတယ်။ ဗုဒ္ဓဘာသာတွေက ရလိုမှုနဲ့လိုက်ကြတယ်။ သူတို့ဟောပြောမှုတွေမှာင ါတို့ဘုရားက အယူမရှိဘူး။ ပေးဆပ်ခြင်းနဲ့ စောင့်ရှောက်ပေးတယ်။ ဆွမ်းကပ်စရာမလို။ ဘူးပန်းကပ်စရာမလိုဘူး အစရှိသဖြင့် ဗုဒ္ဓဘာသာကို ပုတ်ခတ်စော်ကားပြီး ဟောပြောလေ့ရှိတယ်။ ဒါတွေကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်ဖို့ ဦးဇင်းလည်း အတတ်နိုင်ဆုံးလုပ်နေပါတယ်။ ဗုဒ္ဓဘာသာအများစုနဲ့ အစိုးရအဖွဲ့ဝင်များ ခရစ္စယာန်တို့၏ လုပ်ရပ်ကို သိရှိနားလည်ကြဖို့ လိုအပ်ပါတယ်။" ဟု မိန့်ကြားသည်။
၉-၈-၂၀၂၅ ရက်နေ့က ခရစ္စယာဘာသာဝင် အဖွဲ့တဖွဲ့မှ အမရပူရမြို့ အိုးတော်ရပ်ကွက်၊ တမာကုန်းရပ်တွင် အခမဲ့အင်္ဂလိပ်စာသင်တန်းကို ခေါင်းစဉ်တပ်လျက် ဘာသာရေးစည်းရုံးမဲဆွယ်မှုများရှိခဲ့၍ ထိုကျောင်းပိတ်ခဲ့ရကြောင်း သိရသည်။
ဆရာတော် က "အခမဲ့အင်္ဂလိပ်စာ သင်တန်းကျောင်းကို အကြောင်းပြလျက် ဘာသာရေးစည်းရုံးမဲဆွယ်နေမှုအားမြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အတူ အိုးတော်ရုံးတွင် ခေါ်ယူလျက်တားမြစ်ထားခဲ့ပြီး ဖြစ်ပါတယ်။" ဟု မိန့်ကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာတော် က "၎င်းအဖွဲ့အစည်း၏ ရည်ရွက်ချက်နှင့် လုပ်ဆောင်ချက်ကိုမိမိအနေဖြင့်လည်း ကြိုတင်တွေးတော ကြံဆပြီးဖြစ်ပါတယ်။ မိမိတွက်ဆထားသည့်အတိုင်းပင် ၎င်းအဖွဲ့အစည်းတွင် ကိုယ်ပိုင်ချပ်ကျောင်းမရှိဟု သိရပါတယ်။ အသင်းဝင်ရသလောက်စုမည် အသင်းဝင်များလာတာနှင့်အမျှ ဘုရားဝတ်ပြုရန် ချပ်ကျောင်းမရှိသဖြင့် ဘုရားဝတ်ပြုရန်အတွက် ၎င်းနေအိမ်အား ချပ်ကျောင်းအဖြစ် တင်ပြတောင်းခံလာမည်မှာ ဧကန်ပင်ဖြစ်ပါတယ်။ ခေါ်ယူတားမြစ်ရာတွင်ပင် ၎င်းတို့တွင် ချပ်ကျောင်းမရှိသဖြင့် သူတို့ဘာသာဝင်များ စုပေါင်း၍ ဘုရားဝတ်ပြုခွင့်တောင်းလာပါတယ်။ ၉-၈-၂၀၂၅ ရက်နေ့က စပြီး အင်္ဂလိပ်စာသင်ပြတယ်လို့ အကြောင်းပြပြီး ဘာသာရေးစည်းရုံးသိမ်းသွင်းမှုတွေ လုပ်နေတာကို တားမြစ်ခဲ့ပြီး ဖြစ်ပါတယ်။ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်ရလေအောင် တားမြစ်မှုကိုလိုက်နာခြင်းမရှိပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း မြို့နယ်ဌာနဆိုင်ရာအဖွဲ့မှ ပြောဆိုသွားပါတယ်။ ယခုကိစ္စအား ပါဝင်ကူညီဆောင်ရွက်ပေးကြပါသော တာဝန်ရှိသူများကိုလည်း ဘုန်းကြီးအနေနဲ့ အထူးပင် ကျေးဇူးတင်ရှိပါတယ်။" ဟု မိန့်ကြားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment