ကျနော်တို့က ရုရှားရေနံကို ဆက်ဝယ်နေဦးမှာပဲ တရုတ်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျနော်တို့က ရုရှားရေနံကို ဆက်ဝယ်နေဦးမှာပဲ တရုတ်ဆို


ဩဂုတ် - ၁၀ ( တနင်္ဂနွေနေ့ ) 

ရုရှားဆီကရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး  အမေရိကန်က တရုတ်နိုင်ငံအပေါ် ထပ်လောင်း ကုန်သွယ်ရေး စည်းကြပ်ခွန် ကောက်ခံမယ်ဆိုပြီး ခြိမ်းခြောက်မှုများကို ပယ်ချခဲ့ပြီး ဘေကျင်းအစိုးရ အနေနဲ့ တရုတ်အမျိုးသား အကျိုးစီးပွားနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုလိုက်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အိန္ဒိယနှင့် တရုတ်အပါအဝင် ရုရှားရေနံစိမ်းဝယ်ယူသူများကို ပစ်မှတ်ထားပြီး ကုန်သွယ်ရေးစည်းကြပ်ခွန်တွေကို တိုးမြှင့်ကောက်ခံနေပါတယ်။ အဲ့ဒိအခွန်တိုးကောက်နေမှုက ယူကရိန်းပဋိပက္ခကို ရပ်တန့်စေရန်အတွက် အထောက်အကူဖြစ်စေနိုင်တယ် လို့ ဆိုထားပါတယ်။ 

ဒါပေမဲ့ အခြားနိုင်ငံတွေကိုလည်း တရားမျှတမှု မရှိသော ကုန်သွယ်မှုဆိုင်ရာ ကျင့်ထုံးများကို တန်ပြန်ရန်အတွက် အခွန်တိုးကောက်မှု လုပ်တာလို့လည်း ဆိုထားပါတယ်။ 

မော်စကိုနှင့် ဘေဂျင်း၏ မိတ်ဖက်ဆက်ဆံရေးသည် တသမတ်တည်းရှိပြီး ရှင်းရှင်းလင်းလင်းရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကျီကန် က သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။ 

"ရုရှားအပါအဝင် တခြားနိုင်ငံတွေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုတွေမှာ တရုတ်နိုင်ငံက တရားဝင်လုပ်ဆောင်နေပါတယ်။ ကျနော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး တရုတ်နိုင်ငံအတွက် မှန်ကန်တဲ့ စွမ်းအင်ထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ ၎င်းက သတင်းထောက်များအား ပုံမှန်ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါတယ်။ 

တရုတ်နှင့် ရုရှားတို့က ၎င်းတို့၏ ဆက်ဆံရေးသည် အပြန်အလှန်လေးစားမှု နဲ့ အကျိုးစီးပွား မျှဝေထားသော ရည်မှန်းချက်များဆီသို့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို သရုပ်ဖော်နေကြောင်း၊ ဝါရှင်တန်သည် အခြားသူများရဲ့ ကုန်ကျစရိတ်ဖြင့် တစ်ဖက်သတ်အမြတ်အစွန်းများကို ရှာဖွေနေကြောင်း နဲ့ နိုင်ငံစုံ စနစ်တစ်ခု ပေါ်ထွန်းလာမှုကို တားဆီးရန် ကြိုးပမ်းနေကြောင်း ဆိုသွားပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)