ပြည်ထေင်စု မပြိုကွဲရေးအတွက် လုပ်နေဦးမှာပဲ လို့ ဇီလန်စကီးဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထေင်စု မပြိုကွဲရေးအတွက် လုပ်နေဦးမှာပဲ လို့ ဇီလန်စကီးဆို

 


ဩဂုတ် -၁၀ (တနင်္ဂနွေနေ့ ) 

အခု ပူတင်က ကျနော်တို့ရဲ့ခါဆန်ဒေသတောင်ပိုင်း၊ ဇာပိုရိုက်ဇီ၊ လူဟန်စ်၊ ဒွန်ညက်စ် နဲ့ ခရိုင်းမီးယား နယ်မြေတွေကို ရုရှားပိုင်လုပ်နေတယ်။ ယူကရိန်းကို ကွဲသွားအောင် ဒုတိယအကြိမ်ကြိုးစားနေတယ်။ အဲ့ဒါကို ကျနော်ခွင့်မပြုနိုင်ဘူး။ ခရိုင်းမီးယားကို သိမ်းပြီးနောက်ပိုင်း ယူကရိန်းကို တစ်စစီဖြစ်အောင် လုပ်နေတယ်။ ကျနော်တို့ရဲ့ပြည်ထောင်စုပြိုကွဲသွားရမဲ့ကိစ္စကို ဘယ်လိုမှခွင့်မပြုနိုင်ဘူး” လို့ မနေ့ညနေက ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းကနေ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောသွားပါတယ်။ 

ယူကရိန်း- ရုရှား ပဋိပက္ခရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ နယ်မြေပိုင်ဆိုင်မှုကိစ္စကို ဖြေရှင်းဖို့အတွက် ရုရှား သမ္မတပူတင် နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ လောလောဆယ်အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရုရှားတောင်းဆိုထားတဲ့ ယူကရိန်းနယ်မြေ ၄ ခုကို အမေရိကန်က ခွင့်ပြုပေးမယ့် ပုံပေါက်နေပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဇီလန်စကီး က ယူကရိန်းနယ်မြေတွေကို မပေးနိုင်ဘူး လို့ ဆိုလိုက်တာပါ။

ခရိုင်းမီးယားကျွန်းဆွယ်က ၂၀၁၄ ခုနှစ် မေဒန်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်တော့ ရုရှားက ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး သိမ်းထားလိုက်တာပါ။ ၂၀၂၂ စစ်ပွဲဖြစ်တော့ ရုရှား က ယူကရိန်း အရှေ့ပိုင်း နဲ့ တောင်ပိုင်းဒေသတွေကို ဆန္ဒခံယူပွဲလုပ်ပြီး ထပ်ပြီးသိမ်းထားတာပါ။ အဲ့ဒိနယ်မြေတွေကို ယူကရိန်းအနေနဲ့ အပစ်ရပ်ဆွေးနွေးပွဲမှာ ပါဝင်လာမဲ့  ရုရှားနယ်မြေအဖြစ် သက်မှတ်ရေးကို သဘောမတူနိုင်တာပဲ ဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)