ဩဂုတ် - ၁၄ ( ကြာစကတေးနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား လာမည့်တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ၂နိုင်ငံကြားလုပ်ဆောင်နေတဲ့ အရောင်းအဝယ်ကိစ္စများအပေါ် အမေရိကန် ဘဏ္ဍာရေးဌာနက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအချို့ကို ယာယီ လျှော့ပေါ့ပေးထားတယ်လို့ သိရပါတယ်။
သောကြာနေ့မှာ အလက်စကာပြည်နယ်မှာ တွေ့ဆုံရန် စီစဉ်ထားတဲ့ ထရမ့် - ပူတင် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က အဆိုပါ ကြေညာချက်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ခြင်းသည် အလက်စကာ အစည်းအဝေးများသို့ တက်ရောက်ခြင်း သို့မဟုတ် ပံ့ပိုးကူညီခြင်းအတွက် ပုံမှန်လုပ်ဖြစ်ပြီး လိုအပ်သော ငွေပေးငွေယူကိစ္စများကို အကျုံးဝင်တာဖြစ်ပေမဲ့၊ ၎င်းသည် "ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုများကို ပြန်ဖွင့်ခြင်း သို့မဟုတ် လွှတ်ပေးခြင်း သို့မဟုတ် ထိထိရောက်ရောက် ကန့်သတ်ထားခြင်း" ကို ခွင့်မပြုထားပါဘူး။ အရေးယူမှု လျှော့ပေါ့ခြင်းကို သြဂုတ် ၂၀ ရက်အထိ ဆက်လက် အသက်ဝင်မယ်လို့ OFAC က မှတ်ချက်ပြု ထားပါတယ်။ ယူကရိန်းပဋိပက္ခကြောင့် အမေရိကန်တွေသိမ်းထားတဲ့ ရုရှားပိုင် ပစ္စည်းဥစ္စာတွေက ကန်ဒေါ် ဘီလီယံပေါင်းများစွာရှိပါတယ်။
လာမည့် ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းအရေးနှင့် အမေရိကန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ကျယ်ပြန့်သော ကိစ္စရပ်များပါမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဝါရှင်တန်နှင့် မော်စကိုတို့ ၂ဘက်စလုံးက ၎င်းတို့၏ မျှော်လင့်ချက်များကို သတိထားနေကြပြီး ယခုတွေ့ဆုံမှုသည် ချက်ချင်းအောင်မြင်မှုရရှိမည့်အစား ဆွေးနွေးပွဲများအတွင်း ပထမဆုံး ထိပ်တန်းအဆင့်ပွဲ ဖြစ်လာဖွယ်ရှိကြောင်း အချက်ပြနေပါတယ်။
ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး ဆာဂေး ရာယာကော့ဗ် ကတော့ တွေ့ဆုံမှုသည် ဝါရှင်တန်နှင့် တင်းမာနေသော ဆက်ဆံရေးကို စတင်ပြင်ဆင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် မော်စကိုဘက်က ရှုမြင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment