နေပြည်တော်၊ သြဂုတ် ၁၄
အထက်မင်းလှမြို့နယ် လက်ပံတံခါးအနောက် ကြက်အုပ်ရွာတောင်ပေါ်နှင့် လက်ပံခုံရွာ အနောက်ဘက်တွင် အကြမ်းဖက် PDF အဖွဲ့များ အခြေပြုနေထိုင်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်က မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ် သတင်းပေးပို့ထားသည်။
သတင်းရင်းမြစ်မှ "မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးအနောက် ကြက်အုပ်ရွာ တောင်ပေါ်မှာ၊ လက်ပံခုံရွာအနောက်ဘက်မှာ အကြမ်းဖက်PDF အဖွဲ့တွေ အများကြီးရှိပါတယ်။ သူတို့စခန်းတွေ အများကြီးပဲ တောင်ပေါ်မှာ။ အထက်မင်းလှမြို့နယ် လက်ပံတံခါး အနောက်ဘက်က ဂျိုးစမ်းရွာ၊ မန်ကျည်းကိုင်း ရွာ တွေကိုတော့ မြေပြင်စစ်ကြောင်းထိုးချင်ထိုးပါ။ အပေါ်ကနေ လေယဉ်တို့ ဒရုန်း တို့ လက်နက်ကြီးတို့နဲ့တော့မပစ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ရွာထဲမှာ အကြမ်းဖက် PDF တွေလဲမရှိပါဘူး/ ရွာထဲလဲမနေပါဘူး။ ခဏတဖြုတ်ပဲလာတာပါ။ အခုရွာမှာ အေးအေးချမ်းချမ်းနဲ့ ရွာသူရွာသားတွေပဲ ရှိပါတယ်။ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် လက်ပံတံခါး ရွာ တောင်ဘက်ခြမ်း တော်တော်ဆိုးနေပြီ။ ခါးဇာတ်ရွာ၊ သခွတ်ရင်းရွာ၊ သက္ကယ်မြောင်ရွာ၊ မီးလောင်ကုန်းရွာ အစရှိသဖြင့် အဲဒီတောင်ဘက်ခြမ်းအားလုံး အကြမ်းဖက် PDF စိုးမိုးနယ်မြေတွေဖြစ်နေပြီ။ စစ်ကြောင်းထိုးလည်းမရပါဘူး။ အင်အားအရမ်းများပါတယ်။ ဆက်ကြေးကောက်တာလဲအရမ်းပါပဲ။" ဟု သတင်းပေးပို့ထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment