မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြော




မိတ္ထီလာ ၊  သြဂုတ် ၁၄


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၃ ရက်က အခြေခံပညာအထက်တန်းကျောင်း(ညောင်ကိုင်)တွင် ကျင်းပသည်။


ဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစန်းအောင်က ဌာနအနေဖြင့်  အသိပညာပေးဟောပြောပွဲမျာ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ တိုင်ကြားမှုလက်ခံဖြေရှင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ‌ကျောင်းသား/ကျောင်းသူများ အနေဖြင့် မိမိအခွင့်အ‌ရေးများ မဆုံရှုံး၊ မနစ်နာစေရန်အတွက် လာရောက်အသိပညာပေး ဟောပြောခြင်းဖြစ်ကြောင်းပြောကြားသည်။ ယင်းအပြင် အခန်း (၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဗဟုသုတများကို ဆက်လက်ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက်တိုင် ကြားနိုင်ကြောင်း ဆွေးနွေးသည်။


အဆိုပါ ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၇၄)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)