မြောက်ဥက္ကလာ၊ ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ဆက်လက်ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်အတွင်းရပ်ကွက်(၁၉)ခု ၊ ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု ၄၃၉ စုရှိ လူဦးရေ ၁၄၈၅ ဦး ရှိရာ တစ်ဦးလျှင် တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် ဧပြီလ ၊ မေလ နှင့် ဇွန်လ သုံးလစာ ငွေကျပ် ခြောက်သောင်းကျပ် စုစုပေါင်း ငွေကျပ် ၈၉၁၀၀၀၀၀ကျပ်တိတိအား ရပ်ကွက်အလိုက် ခွဲ၍ လက်၀ယ်အရောက် ထောက်ပံ့ပေးမည်ဖြစ်ရာ ခရီးလွန် နေသူများကိုလည်း သတ်မှတ်ရက်များတွင် ဆက်လက် ထောက်ပံ့ပေးမည် ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost






No comments:
Post a Comment