ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပညာသင်ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပညာသင်ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော်၊ ဩဂုတ် ၁၀

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများ ပညာသင်ထောက်ပံ့ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသစ်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)၌ ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆုရရှိသူ ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏သားသမီးများပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် အုတ်မြစ်ဖြစ်ကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် အရည်အချင်းရှိသောပညာတတ်များပေါ်ထွန်းလာရေး စဉ်ဆက်မပြတ် အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကိုသင်ယူပြီး နိုင်ငံတော်အကျိုးကိုသယ်ပိုးနိုင်သည့် အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာစေရေး ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသည့် ဝန်ထမ်းများ၏သားသမီးများအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ရာ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကိုယ်စား ဆုရရှိသည့် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယနေ့အခမ်းအနားတွင် အခြေခံပညာအဆင့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူ ၁၅၇၂၅ ဦးအတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ဗလာစာအုပ်များထောက်ပံ့ခဲ့ပြီး ဘာသာစုံဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာဂုဏ်ထူးရှင် ငါးဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၄၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၄ ဦးအပါအဝင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ ၁၆၁ ဦးအား ဂုဏ်ပြုလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)