ပြည်ခိုင်ဖြိုးပါတီသို့ လူငယ်များ ဝင်ရောက်မှုများလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီသို့ လူငယ်များ ဝင်ရောက်မှုများလာ






မော်လမြိုင်၊ ဩဂုတ် ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တာဝန်ခံများဖြစ်ကြသည့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အောင်မြတ်ဦး၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်သိင်္ဂီဝင်းရွှေတို့သည်(၂၀.၈.၂၀၂၅)ရက်နေ့မွန်းလွဲ (၁၃ ၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သောလူငယ်ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် လူငယ်ပါတီဝင်သစ်(၂၅၆)ဦး အတွက် ပါတီဝင်‌အဆိုပြုလွှာ(၂၅၆)စောင်အား ပြည်နယ် တွဲဖက် လူငယ်‌ရေးရာတာဝန်ခံ ဦးထိန်လင်းမှ ‌ပေးအပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်  ဒေါ်သိင်္ဂီဝင်းရွှေ မှ လက်ခံရယူပေးခဲ့သည်။

ဆက်လက်၍ ဗဟိုအလုပ်အမှု‌ဆောင် လူငယ်တာဝန်ခံ  ‌ဒေါက်တာအောင်မြတ်ဦးမှ လူငယ်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ဗဟိုအလုပ်အမှုဆောင်ဒေါ်သိင်္ဂီဝင်းရွှေ မှ ဗဟိုမှဆောင်ရွက်နေသည့် လူငယ်ရေးရာဆောင်ရွက်ချက်များ၊ ပါတီအောင်နိုင်ရေးနှင့် လူငယ်များအခန်းကဏ္ဍကို ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီဝင်သစ် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားများ ကျင်းပလျက်ရှိရာ လူငယ်ပါတီဝင်သစ် အများအပြား ဝင်ရောက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)