မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး






မြောက်ဥက္ကလာပ၊ သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယမန်နေ့က  ရွှေပေါက်ကံမြို့သစ် ၁၄ ရပ်ကွက်အတွင်းရှိ သီရိရတနာ သာသနာ့ဗိမာန်တော်ကြီး၌  ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ကအမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက် အကြောင်း သိကောင်းစရာများ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပေးကြပြီး တက်ရောက်လာကြသည့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအ သီးသီးမှတာ၀န်ရှိသူများ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းများ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၅၁၁)ဦးခန့်တို့က စိတ်ပါဝင်စားစွာ လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)