ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ


နေပြည်တော်၊ သြဂုတ် ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာချက်အမှတ် ( ၆၂ / ၂၀၂၅ )၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၂၁ ရက်နေ့ က ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။

ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များထုတ်ပြန်ထားရာတွင် -

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက် ( တနင်္ဂနွေ နေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၈၂ (က) အရ 

ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက်ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများတွင် ၂၁ . ၈ . ၂၀၂၅ ရက်နေ့မှ စတင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာ သံရုံး Website များမှလည်း Download ရယူနိုင်ကြောင်း ကြေညာထားသည်။

ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ၂၁ . ၈ . ၂ဝ၂၅ ပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများသို့  ၂၁ . ၈ . ၂၀၂၅ မှ ၈ . ၉ .၂ဝ၂၅ ရက်နေ့အတွင်း ပေးပို့နိုင်ကြောင်း ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)