အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ ISPE ကလပ်မှာ ထပ်မံအားပေးရမည့် မြန်မာ့အမျိုးသမီး လက်ရွေးစင် အသင်းသူများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ ISPE ကလပ်မှာ ထပ်မံအားပေးရမည့် မြန်မာ့အမျိုးသမီး လက်ရွေးစင် အသင်းသူများ





မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲကို ပြည်တွင်း အမျိုးသမီးဘောလုံး ကလပ်ဖြစ်သည့် I.S.P.E အသင်းက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

 I.S.P.E ကလပ်အသင်းတွင် ပါဝင်မည့် လက်ရွေးစင်အဆင့် ကစားသမားများမှာ အသင်းခေါင်းဆောင်အဖြစ် ခင်မာလာထွန်း၊ လင်းလဲ့ဦး၊ ရွှေရည်ထွန်း၊ ဇူးလတ်နဒီ (ဂိုး) ၊နှင်းပွင့်အေး၊ သန်းသန်းနွယ် ယဉ်လွန်းအိမ် (ယူ-၂၀)၊ စန္ဒာလင်း (ယူ ၂၀)၊ ဖြူဖြူဝင်း၊ ဖြူဖွေး၊ ယွန်းဝတီလှိုင်၊ စန်းသော်သော်နှင့် မေထက်လူတို့ ပါဝင်ကစားသွားမှာ ဖြစ်ပါတယ်။

နည်းပြချုပ် ဒေါ်စန်းစန်းသိန်း ဦးဆောင်မည့် ISPE WFCအသင်း သည် (၂၅.၈.၂၀၂၅)ရက်နေ့မှ (၃၁.၈.၂၀၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပြိုင်ပွဲအတွက် လေ့ကျင့်မှုများဆောင်ရွက်နေတာကိုလည်း သတင်းထုတ်ပြန်ထားပါတယ်။ 

ISPE WFC အသင်းသည် -

ဂူအမ်ကလပ်အသင်းနှင့် (၂၅.၈.၂၀၂၅)ရက်နေ့

မွန်ဂိုရီးယားကလပ်အသင်းနှင့် (၂၈.၈.၂၀၂၅)ရက်နေ့

ဖိလစ်ပိုင်ကလပ်အသင်းနှင့် (၃၁.၈.၂၀၂၅)ရက်နေ့ တို့တွင် ရန်ကုန်မြို့၊သုဝဏ္ဏကွင်းတွင် ညနေ (၄:၀၀)အချိန်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

မြန်မာ အမျိုးသမီးကလပ် ISPE နှင့် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲတွင် တွေ့ဆုံမည့် ဖိလစ်ပိုင် ကလပ် Stallion Laguna အသင်းသည် ရန်ကုန်မြို့တွင် ကြိုတင်ရောက်ရှိနေပြီး ဧရာဝတီ အမျိုးသမီး ကလပ်နှင့် ယမန်နေ့က ခြေစမ်းကစားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Stallion Laguna FC အသင်းတွင် ဖိလစ်ပိုင်လက်ရွေးစင်ကစားသမား ငါးဦးပါဝင်ပြီး အာဆီယံ အမျိုးသမီးချန်ပီယံရှစ် အုပ်စုအဆင့်အပြီးတွင် ရန်ကုန်သို့လာရောက်ကာ အသင်းနှင့်ပူးပေါင်းလေ့ကျင့်နေကြောင်း သိရပါတယ်။

အဆိုပါ ပွဲစဉ်များကို MRTV-4နှင့် Readers Channel တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)