ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံခြားရေးဝန်ကြီးများအား သီးခြားစီ တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံခြားရေးဝန်ကြီးများအား သီးခြားစီ တွေ့ဆုံ






အန်းနင်၊ သြဂုတ် ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အန်းနင်မြို့၌  (၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးသို့ တက်ရောက်သည့်ကာလအတွင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး မစ္စတာပရက်ဆုတ်ခ်ခွန်း နှင့် ၁၄-၈-၂၀၂၅ ရက် ညနေပိုင်းတွင်လည်းကောင်း၊ လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး နှင့် ၁၅-၈-၂၀၂၅ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုများအတွင်း သက်ဆိုင်ရာနိုင်ငံများနှင့် နှစ်နိုင်ငံအကြား  ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးကိစ္စများ၊ ပူးပေါင်းဆောင်ရွက်မှု  မြှင့်တင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အန်းနင်မြို့၌ ကျင်းပခဲ့သည့် (၁၀) ကြိမ် မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ၁၆-၈-၂၀၂၅ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)