ဩဂုတ် - ၁၇ ( တနင်္ဂနွေ )
တရုတ်နိုင်ငံမြို့တော် ဘေကျင်းမှာ လူသားနဲ့ ပုံစံတူ စက်ရုပ်ပြိုင်ပွဲကျင်းပနေတယ်လို့ သိရပါတယ် ။ ကမ္ဘာတစ်ဝှန်းမှာရှိတဲ့ အေအိုင် ( ဉာဏ်ရည်တု) သုံးတဲ့ စက်ရုပ်တွေ ဝင်ပြိုင်ကြပါတယ်။ ကစ်ဘောက်ဆင် ၊ လမ်လျှောက် ၊ ဘောလုံးနဲ့ အက ပြိုင်ပွဲတွေကို ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲကို ကြာသပတေးနေ့က စဖွင့်ခဲ့ပါတယ်။ ဖွင့်ပွဲအတွက် မီးရှုးမီးပန်းများလွှတ်ဖို့အတွက် စက်ရုပ်တွေကို သုံးရာမှာ စက်ရုပ်တစ်ရုပ်ပြုတ်ကျခဲ့ခြင်း လို အမှားအယွင်းများနဲ့ အပျက်အစီးများ ရှိခဲ့ပေမဲ့ ပြိုင်ပွဲကို ဆက်လက်ကျင်းပနိုင်ခဲ့ပါတယ်။
ဂျပန်၊ အမေရိကန်နှင့် ဂျာမနီတို့အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ စက်ရုပ် ၅၀၀ ကျော်က ပြိုင်ပွဲ ၂၆ ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ သောကြာနေ့က မီတာ ၁,၅၀၀ အပြေးပြိုင်ပွဲမှာ စက်ရုပ်တစ်ရုပ် ဦးခေါင်းပြုတ်ကျခဲ့ပါတယ်။ "လမ်းလျှောက်နေစဉ်မှာ ဦးခေါင်းကို ဟန်ချက်ညီအောင်ထိန်းတာက ကျနော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုပါပဲ" လို့ ပေကျင်းယူနီယံတက္ကသိုလ်အဖွဲ့မှ ၁၉နှစ်အရွယ် အဖွဲ့ဝင်တစ်ဦး ကဆိုပါတယ်။
သောကြာနေ့ ဘောလုံးပွဲမှာလည်း စက်ရုပ်အချင်းချင်း တိုက်မိပြီး စက်ရုပ်ကစားသမားရဲ့ စက်ပိုင်းဆိုင်ရာပစ္စည်းများပြုတ်ထွက်သွားလို့ လူတွေက ဝင်ပြီး ရှင်းလင်းမှုတွေ လုပ်လိုက်ရပါသေးတယ်။ ကမ္ဘာ့လူသားစက်ရုပ်ပြိုင်ပွဲ ကို ယနေ့ တနင်္ဂနွေနေ့အထိကျင်းပမှာ ဖြစ်ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost




No comments:
Post a Comment