ရုရှား- ယူကရိန်း ပဋိပက္ခက အပစ်ရပ်ရေးလောက်နဲ့ မရဘူးလို့ ထရမ့်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား- ယူကရိန်း ပဋိပက္ခက အပစ်ရပ်ရေးလောက်နဲ့ မရဘူးလို့ ထရမ့်ဆို


ဩဂုတ် - ၁၇ (တနင်္ဂနွေနေ့)

ယူကရိန်းပဋိပက္ခသည် အပစ်အခတ်ရပ်စဲရေးသက်သက်မဟုတ်ဘဲ အမြဲတမ်းသဘောတူညီချက်တစ်ခု နဲ့ အဆုံးသတ်သင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အလက်စကာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သောကြာနေ့က တွေ့ဆုံပြီးနောက် ပြောကြားခဲ့ပါတယ်။ 

ဒီကနေ့ Truth Social တွင် ပို့စ်တစ်ခု၌ ထရမ့်က အလက်စကာမှာ ပူတင်နှင့် သုံးနာရီကြာ ဆွေးနွေးမှုမှာ “အလွန်ကောင်းမွန်သွားပါတယ်”လို့ ရေးတင်ခဲ့ပါတယ်။  

"ရုရှားနဲ့ ယူကရိန်းကြား ကြောက်မက်ဖွယ်ရာ စစ်ပွဲကို အဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းက စစ်ပွဲကို အဆုံးသတ်မယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို တိုက်ရိုက်သွားဖို့ပဲ၊ ကြိမ်ဖန်များစွာ အတည်မပြုနိုင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ လုပ်နေလို့မရပါဘူး” လို့ ထရမ့်က ဆိုပါတယ်။ 

အမေရိကန်သမ္မတက သူနဲ့ ဇီလန်စကီးတို့ လာမယ့် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး "အားလုံးအဆင်ပြေပါက၊ သမ္မတပူတင်နှင့် တွေ့ဆုံရန် စီစဉ်ပေးပါမယ်" လို့ ဆိုပါတယ်။ 

ယူကရိန်းနဲ့ ၎င်းရဲ့ အီးယူ ကျောထောက်နောက်ခံများက ယာယီ ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ် ရပ်စဲရေးအတွက် လပေါင်းများစွာ တွန်းအားပေး လုပ်ဆောင်နေခဲ့ပါတယ်။ ရုရှားဘက်က အဆိုပါ အယူအဆကို ပယ်ချခဲ့ခြင်း မရှိသော်လည်း အဆိုပါ အစီအစဉ်အတွက် ကြီးမားသော အတားအဆီးများကို ထောက်ပြထားပါတယ်။ 

အလက်စကာ ထိပ်သီးအစည်းအဝေးတွင် ပူတင်က “တည်မြဲပြီး ရေရှည်ဖြေရှင်းမှု”က “ပဋိပက္ခရဲ့ မူလဇစ်မြစ်များကို ဖယ်ရှားပစ်ရန်” လိုအပ်မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ ခေါင်းဆောင် နှစ်ဦးစလုံးက ဆွေးနွေးပွဲများသည် အကျိုးဖြစ်ထွန်းစေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)