ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှမ်းဓမ္မာရုံ၌ ရှမ်းမျိုးနွယ်စုများ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှမ်းဓမ္မာရုံ၌ ရှမ်းမျိုးနွယ်စုများ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်



မြစ်ကြီးနား၊ သြဂုတ် ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်သော ရှမ်းမျိုးနွယ်စုများ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ရှမ်းဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ဌာနေရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၅)စုမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများက လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ရှမ်းမျိုးနွယ်စုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအတွက် အလှူ‌ငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများက  ရိုးရာအစဉ်အလာနှင့်အညီ အင်းလေးကျောင်းတိုက်ဆရာတော် အရှင်ဓမ္မနာအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဌာနေတိုင်းရင်းသားမျိုးနွယ်စုများအလိုက် ရှမ်းရိုးရာအက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကာ ရှမ်းမျိုးနွယ်စုများအလိုက် ရိုးရာအကအဖွဲ့များအား ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)