ဩဂုတ် - ၂၁ ( ကြာသပတေးနေ့ )
ဖင်လန်နိုင်ငံ မြို့တော် ဟယ်လ်စင်ကီရှိ လွှတ်တော်အဆောက်အအုံအတွင်းမှာ ပါလီမန်အမတ်တစ်ဦး ၁၉-၈-၂၀၂၅ ရက်နေ့က ကိုယ့်ကိုယ်ကို သေကြာင်းကြံခဲ့ပါတယ်။ အီမယ်လီပယ်တိုနန် ( ၃၀ နှစ်) က ၂၀၂၃ ခုနှစ်ကတည်းက လွှတ်တော်မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။
ပါလီမန်က နွေရာသီအားလက်ရက်ပေးထားပေမဲ့ ဝန်ကြီးချုပ် ပက်တီရီအော်ပို က သေဆုံးသူ လွှတ်တော်အမတ် ကို လေးစားမှု ပြသောအားဖြင့် လွှတ်တော်ကနေလုပ်ဆောင်နေတဲ့ နိုင်ငံရေး လုပ်ငန်းအားလုံးကို ဆိုင်းငံ့ခွင့်ပြုခဲ့ပါတယ်။ ဆိုရှယ်လစ် ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင် ပယ်တိုနန် အတွက် တစ်မိနစ်ငြိမ်သက် ဆုတောင်း ခြင်းကို ရေဒီယိုကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။
ဆိုရှယ်ဒီမိုကရက်တစ်ပါလီမန်အဖွဲ့၏ ဥက္ကဋ္ဌ က "သူကကျနော်တို့ အသိုင်းအဝိုင်းထဲမှာ လူချစ်လူခင်များတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကျနော်တို့က သူ့ကို လွမ်ူဆွတ်သတိရနေမှာပါ ၊အသေစောလို့ နှမြောမိပါတယ်” လို့ ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။
ပါလီမန်ဥက္ကဋ္ဌ ကတော့ လေးစားခံရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ကြောင်း အိတ်စ်မီဒီယာ အကောင့်မှာရေးတင်ခဲ့ပါတယ်။ မနေ့မနက်ပိုင်းက ပါလီမန်အဆောက်အအုံသို့ ရဲများကိုရောက်လာပြီး ပယ်တိုနန်ရဲ့သေဆုံးမှုကို အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ရာမျာ မသင်္ကာစရာ မတွေ့ခဲ့ရပါဘူးလို့ ဆိုပါတယ်။
ပယ်တိုနန်က ယူယူစီမား တောင်းပိုင်းကိုယ်စားပြု အမတ်ဖြစ်ပြီး ၁၈နှစ်မှာ ဂျာဗန်ပါး မြို့ အတိုင်ပင်ခံအဖြစ်အရွေးခံရပြီး ၂၂ နှစ်မှာ မြို့ ဘုတ်အဖွဲ့ရဲ့ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နိုင်တဲ့ အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ထိုအချိန်က မီဒီယာများက ဖော်ပြခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost



No comments:
Post a Comment