ဩဂုတ် - ၂၁ ( ကြာသပတေးနေ့ )
အားဂျင်တီးနားနိုင်ငံ ကော်ဒိုဘာဒေသမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဂျီးဆက်မာရီယာ ကျေးလက်လူ့အဖွဲ့အစည်းရဲ့ နွားလေလံပွဲမှာ နွားတစ်ကောင်ကို ကန်ဒေါ်လာ ၂သိန်းပေးပြီး လေလံအောင်သွားတယ်လို့ သိရပါတယ်။ အဲ့ဒိကြေးက အာဂျင်တီးနား နိုင်ငံ နွားလေလံပွဲသမိုင်းမှာ အမြင့်ဆုံးပေးပြီး အောင်သွားတာပါ။
အဲ့ဒိနွား မာဖီယိုဆို ကို မွေးမြူရေးဆုရ နွားခြံအယ်လ်ပေါ်ဗီနားက ပိုင်ဆိုင်ပြီး အာဂျင်တီးနာကို နွားမျိုးကောင်း မျိုးသန့် ဘရန်ဂတ်စ် မျိုးဖြစ်ပါတယ်။ လေလံကြေးအတွက် ပိုင်ရှင်က ၅၀% ရရှိပါတယ်။
အလေးချိန် ၂၀၄၁ ပေါင်ရှိတဲ့ အသက် ၃ နှစ်အရွယ် ဘရန်ဂတ်စ် နွားထီး မာဖီယိုဆို က နိုင်ငံအဆင့် ပြိုင်ပွဲများစွာမှာ အနိုင်ရခဲ့တဲ့ လက်ရွေးစင်နွားထီး ပီဆန်တေး ရဲ့ သားဖြစ်ပါတယ်။ သူ့မျိုးရိုးက သူ့ကို တန်ဖိုးမြင့်တဲ့ မျိုးရိုးဗီဇ မင်းသားကြီးဖြစ်အောင် လုပ်ပေးပြီး ရောင်းအားက နိုင်ငံတွင်းသာမက နိုင်ငံတကာကိုပါ ရောက်ပါတယ်။
အာဂျင်တီးနားကုမ္ပဏီ ဆလက်ဒီဘာနာဒီ က မျိုးရိုးဗီဇမြင့်တဲ့ နို့စားနွားနဲ့ အသားထုတ်နွားတွေကို ရွေးချယ်ဝယ်ယူပြီး ဗီဇတိုးတက်ကောင်းမွန်ရေး ကို လုပ်ဆောင်နေတာပါ။ ဘရန်ဂတ်စ် မျိုးစိတ်၏စစ်မှန်သော ဗီဇကို တိုးတက်အောင်လုပ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းကျွဲနွားများထုတ်လုပ်မှုကို အာမခံချက်ရရှိရန်လုပ်နေတာပါ။
ငယ်စဉ်ကတည်းက မာဖီယိုဆို ဟာ အကောင်းဆုံး ပေါင်ကြွက်သား ၊ အကောင်းဆုံး ကိုယ်ခန္တာကြွက်သားဆုတွေကို ရခဲ့ဖူးပါတယ်။ ဒီနှစ်လည်း အမျိုးသားအဆင့်ပြပွဲမှာ ဂရန်ချန်ပီယံဆုကို ရရှိထားပြီး မျိုးရိုးဗီဇ အကောင်းဆုံး နွား အဖစ် ထိပ်တန်းမှာ ရပ်တည်ခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment