ထန်းတပင်မြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်






ထန်းတပင်(ပဲခူး)၊ သြဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ရေဘေးသင့် အိမ်ထောင်စု ( ၅၆၂) စု အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ သဘာဝဘေးရန်ပုံငွေဖြင့် ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းဒဏ်‌ကြောင့်ဖြစ်ပေါ်ခဲ့သည့် ရေဘေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အောင်သုခရပ်ကွက် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ တစ်ဆင့်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးလှူဒါန်းမှုတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၄)သိန်းဖြင့် အိမ်ထောင်စု (၂၉၃) စုအတွက် ငွေကျပ်(၁၁၇၂) သိန်းကို ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်လှူဒါန်းပေးခဲ့ပြီး ကျန်အိမ်ထောင်စုများကို ၁၀-၈-၂၀၂၅ ရက်နေ့ ဆိပ်ကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)