ပုဇွန်တောင်၊ ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အနော်ရ ထာလမ်း၊ မြသိန်းတန်ဘုန်းတော်ကြီးကျောင်း သန့်ရှင်းသာယာလှပစေရေးအတွက် ပုဇွန်တောင်မြို့နယ် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမင်းဇော်၊ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာလုပ်သားများနှင့်ပရဟိတအဖွဲ့များမှ ကျောင်းတိုက်အတွင်းရှိ အမြင် မတင့်တယ်မှုများ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ အမှိုက်သရိုက်များအား မော်တော်ယာဉ်များဖြင့် သတ်မှတ်အမှိုက် စွန့်ပစ်သည့်နေရာသို့ သွားရောက်စွန့်ပစ်ပေးခြင်း၊ သွေးလွန်တုပ်ကွေးကာကွယ်ရေးနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများရှင်းလင်း၍ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ ဖုံးသွန်လဲစစ်ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost




No comments:
Post a Comment