ဩဂုတ် -၉ ( စနေနေ့ )
အမေရိကန်နိုင်ငံ အတ္တလန်တာပြည်နယ်က အီမိုရီတက္ကသိုလ်မှာ သေနတ်သမားတစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် သင်တန်းဆင်းပြီးကာစ ရဲ အရာရှိတစ်ဦး သေဆုံးခဲ့ပါတယ်။ ကျောင်းဝင်းအတွင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနချုပ်အနီးတွင် အခင်းဖြစ်ပွားခဲ့ပြီး သေနတ်သမားလည်း သေဆုံးသွားခဲ့ပါတယ်လို့ မြို့အာဏာပိုင်တွေက ဆိုပါတယ် ။
မနေ့ ညနေ ၅ နာရီ မတိုင်ခင်မှာ ကျောင်းသားအချို့နေထိုင်တဲ့ တိုက်ခန်းများအနီးက အိမိုရီပွိုင့် ဈေးဝယ်စင်တာ အနီးလည်း ဖြစ်ပါတယ်။ အရပ်သား ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတွေရဲ့ အစီရင်ခံစာမှာတော့ အမည်မဖော်နိုင်သေးတဲ့ သံသယရှိသူက Covid-19 ကာကွယ်ဆေးကို မကျေနပ် သောကြောင့် CDC ကို ပစ်မှတ်ထားတယ် လို့ပါတယ်။ သူသည် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ပြောင်းရှည် သေနတ်နှစ်လက်၊ ရိုင်ဖယ်သေနတ်တစ်လက်နှင့် ပြောင်းတို သေနတ်တစ်လက်တို့နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ၃၃နှစ်အရွယ် ရဲအရာရှိက မနေ့ကမှ လက်ထပ်ထားတဲ့သူဖြစ်ပြီး ကလေး ၂ ဦးရှိတယ်လို့ သိရပါတယ်။ ဒီကယ်ဘ်ကောင်တီ ရဲဌာနအကြီးအကဲ ဂျရက်ပက်ဒရစ် က “ ကျနော်တို့ ရဲ့ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ရကြောင်းကို ကြေညာခဲ့ရတာက အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ သူက သူလေ့ကျင့်ထားခဲ့သလို တုံ့ပြန်ခဲ့တာပါ။ ရပ်ရွာကို အကျိုးပြုရင်းကျဆုံးခဲ့ရတာပါ။ ဒီညနေက လင်မရှိတဲ့ အိမ်ရှင်မတစ်ယောက် နဲ့ ဖခင်မရှိတော့တဲ့ ကလေး၂ ယောက် ကိုမွေးဖွားပေးလိုက်ပါတယ်။ သေနတ်သမားကြောင့် စိတ်ဒဏ်ရာတွေရသွားတဲ့ မိသားစုတစ်စုနဲ့ သေဆုံးတဲ့သူရဲ့ ညီအကို မောင်နှမ မိသားစုတွေ အများကြီး ဖြစ်သွားပါပြီ” လို့ သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။
REF: UPI
https://t.me/MyanmarNationalPost



No comments:
Post a Comment