ဟင်္သာတမြို့နယ်တွင်(၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊အတီး(မြို့နယ်အဆင့်)ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင်(၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊အတီး(မြို့နယ်အဆင့်)ပြိုင်ပွဲကျင်းပ



ဟင်္သာတ၊ ဩဂုတ်  ၂၄

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမျိုးသားခန်းမတွင် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊အတီး (မြို့နယ်အဆင့်)ပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ (၂၆)ကြိမ်မြောက် အဆို ၊အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်အောင်နှင့် မြို့နယ် လဝက ဦးစီးမှူး ၊ မြို့နယ် ဥပဒအရာရှိ၊မြို့နယ် စီမံကိန်း ဦးစီးမှူးနှင့် မြို့နယ် ပညာရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့သည်။ 

ပြိုင်ပွဲသို့ ဟင်္သာတမြို့နယ်အတွင်းရှိ အဆင့်မြင့်ပညာနှင့်  အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများ ၊ သဘင်ဂီတ ဝါသနာရှင်များ စုစုပေါင်း ကျား(၁၄) ဦး၊ မ(၁၆)ဦး စုစုပေါင်း (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဦးထင်အောင်ကျော်နှင့် ပညာရေးဌာန တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အသင်းဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/မ များ၊ ပြိုင်ပွဲဝင်များ၊ ကျောင်းသား/သူများ  တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)