ရုရှားနိုင်ငံအတွင်းပိုင်းကို အမေရိကန်လက်နက်တွေ သုံးပြီး မတိုက်ဖို့ ယူကရိန်းကို ပင်တာဂွန် သတိပေးထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံအတွင်းပိုင်းကို အမေရိကန်လက်နက်တွေ သုံးပြီး မတိုက်ဖို့ ယူကရိန်းကို ပင်တာဂွန် သတိပေးထား


ဩဂုတ် - ၂၄ ( တနင်္ဂနွေနေ့ ) 

အမေရိကန်က ထောက်ပံ့ပေးထားတဲ့  ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်တာ မပြုလုပ်ရန်အတွက် ယူကရိန်းကို ပင်တဂွန်က ပိတ်ဆို့ထားကြောင်း အမေရိကန်အရာရှိများရဲ့အဆိုကို ကိုးကားပြီး Wall Street ဂျာနယ်က မနေ့က ဖော်ပြလိုက်ပါတယ်။  

အမေရိကန် ကာကွယ်ရေးဌာန ပင်တာဂွန် သည် နွေဦးနှောင်းပိုင်းကတည်းက ယူကရိန်းကို တာဝေးပစ် ATACMS ဒုံးကျည်များ မပစ်လွှတ်ဖို့ တားမြစ်ထားတယ်လို့ ဂျာနယ်က ဆိုပါတယ်။ ယူကရိန်းက တစ်ကြိမ်လောက်တော့ ရုရှားကို ပစ်မယ်လို့ တောင်းဆိုတာကို ပင်တာဂွန်က ပယ်ချလိုက်ပါတယ်။ 

Wall Street ဂျာနယ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် မော်စကိုအား ဆွဲဆောင်ရန် သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းအားထုတ်မှု ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ အလက်စကာတွင်တွေ့ဆုံခဲ့ပြီး ၂ရက်အကြာမှာ  ဝါရှင်တန်တွင် ယူကရိန်း၊ နေတိုး၊ အီးယူနှင့် ဥရောပနိုင်ငံအချို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

ရုရှား- ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက် အမြန်ဆုံးရရှိရန် ထရမ့်က တိုက်တွန်းခဲ့ပေမဲ့ ယူကရိန်းကတော့ ရုရှားကို မထိမခိုက်ဘဲ “အနိုင်ရရန် အခွင့်အလမ်းမရှိဘူး” လို့  ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)