ငရုတ်ကောင်းမြို့တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငရုတ်ကောင်းမြို့တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ


ငရုတ်ကောင်း၊ ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့(အထက)ကျောင်း ရွှေရတုခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ငပုတောမြို့နယ်‌ ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ‌ ကော်မရှင်ဥက္ကဋ္ဌ ဦးထွန်းသိန်းက‌ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သတ်၍‌ ပြောကြားခဲ့သည်။ ထို့နောက် ငပုတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူး ဦးအောင်ကိုကိုလတ်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု ၍လက်တွေ့စမ်းသပ်မဲပေးခြင်းများကို လည်းကောင်း အသီးသီးအကျယ်တဝင့်ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ဝန်ထမ်းများမှ တက်ရောက်လာသူများအား တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)