ရုရှား ရေနံပိုက်လိုင်းတွေကို ယူကရိန်း တိုက်ခိုက်တဲ့ ကိစ္စ ထရမ့်ပေါက်ကွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား ရေနံပိုက်လိုင်းတွေကို ယူကရိန်း တိုက်ခိုက်တဲ့ ကိစ္စ ထရမ့်ပေါက်ကွဲ


ဩဂုတ် - ၂၃ (စနေနေ့ ) 

ဟန်ဂေရီနှင့် စလိုဗက်ကီးယားကို ရုရှားက ပေးဝေနေတဲ့ အဓိက ရေနံပိုက်လိုင်းတစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒေါသထွက်နေကြောင်း ဘူဒါပတ်စ်ရှိ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

သောကြာနေ့က ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် ရဲ့ နိုင်ငံရေးဒါရိုက်တာ ဘလေ့စ်အော်ဘန် က ဒရူဇဘာ ပိုက်လိုင်းအပေါ် ယူကရိန်းတိုက်ခိုက်မှုဆိုင်ရာ ပြဿနာကို ထရမ့်ထံ တင်ပြတဲ့ စာတစ်စောင်ရေးပြီးပေးပို့ခဲ့ပါတယ်။ 

"ဟန်ဂေရီက ယူကရိန်းကို လျှပ်စစ်နဲ့ လောင်စာဆီ ထောက်ပံ့ပေးရတယ်၊ ဒါပေမဲ့ သူတို့က ငါတို့ကို ပြန်ပေးတာက  ပိုက်လိုင်းကိုဗုံးခွဲတိုက်ခိုက်တာပါပဲ။ သိပ်ကို ဖော်ရွေတဲ့ အလှုတ်ကြီးပါပဲ” လို့ ဟန်ဂေရီ ခေါင်းဆောင်က ရေးသားခဲ့ပါတယ်။ 

အဲ့ဒိစာနဲ့ ပတ်သက်ပြီး ထရမ့်ကလည်း လက်ရေးမူနဲ့ စာပြန်ခဲ့ပါတယ်။ "ဗစ်တာ - ငါဒါကိုကြားရတာ မကြိုက်ဘူး။ ငါအရမ်းစိတ်ဆိုးတယ်။ ငါပြောတဲ့စကားတွေကို စလိုဗက်ကီးယားကိုလည်း ပြောပြလိုက်ပါ။ သူတို့က မင်းနဲ့ငါရဲ့ သူငယ်ချင်းကောင်းပါလို့" ဆိုပြီး ထရမ့်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာကို တွေ့ခဲ့တယ်လို့ ဘလေ့စ် က ဆိုပါတယ်။ 

"ဒရူဇဘာ ပိုက်လိုင်းက ကျနော်တို့ရဲ့  စွမ်းအင်လုံခြုံရေးကို အာမမခံနိုင်တော့ဘူးဖြစ်နေတယ်။ အဲ့ဒိလိုင်းက ဟန်ဂေရီရဲ့ ရေနံစိမ်းထောက်ပံ့မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဟန်ဂေရီအနေနဲ့ ပိုက်လိုင်းလုံခြုံရေးကို ထိခိုက်စေတာတွေကို ခွင့်ပြုနိုင်မှာ မဟုတ်ဘူး” လို့ ဘလေ့စ်အော်ဘန်က ရေးသားခဲ့ပါတယ် ။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)