မြို့သစ်၌ မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် လွယ်ကူစွာမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်၌ မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် လွယ်ကူစွာမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်



မြို့သစ်  ၊ ဩဂုတ် ၂၃


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရတနာခန်းမ)၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိနှင့် ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် မဲပေးစက်ကိုင်နည်းပြများ၊ ဌာနဆိုင်ရာများ၊ ကွက်သစ်ရပ်ကွက်၊ လယ်ပြင်ရပ်ကွက်တို့မှ ဒေသခံမဲဆန္ဒရှင်ပြည်သူများတက်ရောက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းသော အကြောင်းအရာများ၊ အီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ မဲပေးခြင်း၏ အားသာချက်များအား ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်ကြသော မဲဆန္ဒရှင်ပြည်သူများက စုပေါင်း၍စမ်းသပ်မဲပေးခဲ့သည်။


မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား နေ့စဉ်မြို့နယ်တွင်းရှိ မဲဆန္ဒနယ်မြေ အသီးသီးမှ မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သန်းဝင်းထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)