မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


ချမ်းအေးသာစံ၊ ဩဂုတ် ၂၃

မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးပရဝုဏ်အတွင်းရှိ သာသနိက အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီး ဆုံးရှုံးခဲ့မှု ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မဟာမုနိဘုရားကြီးပရဝုဏ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဗိသုကာပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများကို ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးထားပြီးဖြစ်ပါ ကြောင်း၊ ရှေးမူမပျက်ပြန်လည်ပြင်ဆင်ခြင်းကို ‌မြေငလျင်ဒဏ်ခံနိုင်မှုရှိရေးနှင့်  အကောင်းဆုံးဖြစ်စေရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များနှင့် ပညာရှင်များဖြင့် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များကို အလေးထားကာ  စနစ်တကျ စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)