ကြံခင်း၊ သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် နန်းမြတ်တော်ဝင်ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်း တို့ပူးပေါင်း၍ ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နန်းမြတ်တော်ဝင်ကိုယ်ပိုင်အထက်တန်းဆင့်သင်ေကျာင်း Grade-10 ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ နန်းမြတ်တော်ဝင်ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်း စီမံအုပ်ချုပ်သူ ဆရာကြီး ဦးတင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်း များရရှိလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန် နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် မျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စေ့စပ်ညှိနှိုင်းးေရးမှူးအဖြစ်ဆောင်ရွက်ပြီး Grade-11 မှ ကျောင်းသူ မဂျူးဂျူးမေက “လူငယ်နှင့်မူးယစ်ဆေးဝါး”၊ Grade-11 မှ ကျောင်းသား မောင်ဥက္ကာခန့် က “လူငယ်နှင့်ကျန်းမာရေး”၊ Grade-10 မှ ကျောင်းသူ နော်သီရိထွန်းက “လူငယ်နှင့်အင်တာနက်”၊ Grade-11 မှ ကျောင်းသား မောင်စိုင်းညီညီအောင်က “လူငယ်နှင့်ပရဟိတ” ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးကြကာ ဆရာကြီးဦးတင်ထွန်းက ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးသည့် အကြောင်း အရာများအပေါ် ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားပြီး ဆရာမကြီး ဒေါ်ယဥ်ယဥ်ဌေး (စာကြည့်တိုက်တာဝန်ခံ) က ကျေးဇူး တင်စကား ပြန်လည်ပြောကြားပြီးနောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသား ကျောင်းသူများအား မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သုတ ရသ စာအုပ်စာစောင်ပြပွဲနှင့် မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်၊ မူးယစ်အန္တရာယ် အသိပညာပေးအကြောင်းအရာပါ နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment