ဩဂုတ် - ၂ ( စနေနေ့ )
ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က အမေရိကန်တွေက ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုလုပ်နေတာနဲ့ ပတ်သက်ပြီး နျူကလီးယား စစ်ဖြစ်သွားမယ်လို့ ပြောဆိုမှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နူးကလီးယားလက်နက်နဲ့ ပတ်သက်ပြီး ပေါ့ပေါ့တန်တန် ပြောဆိုဆက်ဆံတာမျိုး မပြုလုပ်နိုင်ဘဲ ဖြစ်နိုင်ချေရှိတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအတွက် အမြဲတမ်း ပြင်ဆင်ထားပါတယ် ဆိုပြီး တုံ့ပြန်လိုက်ပါတယ်။
အိမ်ဖြူတော်မှာ သတင်းထောက်တွေကို စကားပြောရာမှာ ထရမ့် က ရုရှားရေပိုင်နက်မှာ နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်း ဖြန့်ကျက်ချထားဖို့ သူအမိန့်ပေးထားကြောင်း၊ အမျိုးသားလုံခြုံရေးကို သေချာစေဖို့အတွက် လုပ်တာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
"ကောင်းပြီ၊ ငါတို့အဲဒါကိုလုပ်ရမယ်။ ငါတို့သတိထားရမယ်။ သူတို့က ခြိမ်းခြောက်မှုတစ်ခုလုပ်လိုက်ပြီ။ ကျနော်ပေါ့ပေါ့ဆဆ မနေပါဘူး။ ကျုပ်တို့ပြည်သူတွေရဲ့ ဘေးကင်းရေးကို အခြေခံပြီး လုပ်ထားတာပါ။ ရုရှားသမ္မတဟောင်းက ခြိမ်းခြောက်မှုတစ်ခု လုပ်လိုက်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အကာအကွယ်ပေးပါမယ်" လို့ ပြောသွားပါတယ်။
သောကြာနေ့အစောပိုင်းတွင် ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာမှာ မက်ဗီးဒက်ရဲ့ မှတ်ချက်ကိုတုံ့ပြန်သည့် အနေဖြင့် အမေရိကန်နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းအား "သင့်လျော်သောဒေသများ" တွင်တပ်ဖြန့်ရန် အမိန့်ပေးထားကြောင်း ကြောညာခဲ့ပါတယ်။ ရုရှားခေါင်းဆောင်၏ စကားအသုံးအနှုန်းကို “မိုက်မဲပြီး ရောင်ကိုင်းနေတာပဲ” ဆိုပြီး ရှုတ်ချခဲ့ပါတယ်။ “စကားလုံးတွေက အလွန်အရေးကြီးပြီး မလိုလားအပ်သော အကျိုးဆက်များကို မကြာခဏဖြစ်ပေါ်စေနိုင်တယ်” လို့ သတိပေးခဲ့ပါတယ်။
ထရမ့်က မက်ဗီဒက်ကို “မအောင်မြင်”တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ရည်ညွှန်းပြီး “သူ့စကားကို စောင့်ကြည့်” ရန် သတိပေးပြီးနောက် အငြင်းပွားမှု ကြီးထွားလာခဲ့ပါတယ်။ ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မက်ဗီဒက်က ဆိုဗီယက်ခေတ်မှစတင်ကာ ရုရှားတွင်တည်ရှိနေသေးတယ်လို့ ယူဆရတဲ့ ဒဏ္ဍာရီလာ 'Perimetr' အလိုအလျောက်နျူကလီးယားတုံ့ပြန်ရေးစနစ်ကို ရည်ညွှန်းပြီး မော်စကို ကို သီးခြားဖြစ်အောင် ထရမ့်ရဲ့လှုံ့ဆော်ခြင်းအား ပြင်းထန်သော သတိပေးချက်ဖြင့် တုံ့ပြန်ခဲ့တာပါ။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment