ဟင်္သာတမြို့နယ်တွင် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနား ကျင်းပ







ဟင်္သာတ၊ ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဩဂုတ် ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ က ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းမန်နေဂျာ ဦးဝင်းနိုင်၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများ ၊ မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဦးဝင်းဌေးမောင် နှင့်ဝန်ထမ်းများ ၊ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်ဇော်မင်းနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူများ၊ တက်ရောက်ခဲ့ကြသည်။ 

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊  တိုင်းမန်နေဂျာဦးဝင်းနိုင်က ၂၀၂၅-ခုနှစ်၊ မိုးရာသီစိုက် ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့် ပတ်သတ်၍ တောင်သူများ သိသင့်သိထိုက်သည့် အချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် မြန်မာ့အာမခံလုပ်ငန်း ဟင်္သာတခရိုင်တာဝန်ခံ ဦးဝင်းဌေးမောင်က သီးနှံအာမခံထားရှိရေးကိစ္စနှင့်ပတ်သတ်၍ ရှင်းလင်းတင် ပြခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တိုင်းမန်နေဂျာ ဦးဝင်းနိုင်နှင့် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန် ရှိသူများမှ ၂၀၂၅-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စုများမှ တက်ရောက်လာကြသော တောင်သူများ မှ အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)