ဩဂုတ် - ၂၃ ( တနင်္ဂနွေနေ့ )
အိန္ဒိယနိုင်ငံက တကယ်တမ်းတော့ ရုရှားရေနံကိုတင်သွင်းရန် မလိုအပ်ဘဲ စွမ်းအင်လုံခြုံရေး အကြောင်းပြချက်နဲ့ ကရင်မလင်နန်းတော်အတွက် ခဝါချပေးနေတာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကုန်သွယ်ရေးအကြံပေး ပီတာနာဗာရို က ပြောသွားပါတယ်။
ကြာသပတေးနေ့က သတင်းထောက်များနဲ့ စကားပြောရာတွင် နာဗာရိုက အိန္ဒိယကနေ အမေရိကားကို တင်သွင်းတဲ့ သွင်းကုန်များအပေါ် ဒဏ်ခတ်တဲ့ စည်းကြပ်ခွန် ၂၅ % က ဩဂုတ်လ ၂၇ ရက်နေ့မှာ သေချာပေါက် အသက်ဝင်သွားမှာ လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယက ရုရှားဆီကနေ ရေနံစိမ်းတွေကို ဆက်လက်ဝယ်ယူမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာကတော့ နာဗာရိုရဲ့ မှတ်ချက်စကားကြောင့် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဆိုင်ရာကိစ္စတွေက ယုတ္တိဗေဒသဘောအရ တော်တော်စိတ်ရှုတ်ဖို့ ကောင်းတယ်လို့ ဆိုသွားပါတယ်။
"ခင်ဗျားတို့ စဉ်းစားကြည့်ကြဗျာ။ ၂၀၂၂ ဖေဖော်ဝါရီ မှာဖြစ်တဲ့ ရုရှား - ယူကရိန်း ပဋိပက္ခ မတိုင်မီက အိန္ဒိယသည် ရုရှားရေနံကို လုံးဝ မဝယ်ခဲ့ပါဘူး။ သူတို့ရဲ့ ရေနံစိမ်း လိုအပ်ချက်က ၁ % တောင်မပြည့်ပါဘူး။ အခုတော့ သူတို့က လိုအပ်ချက်တွေ များတယ်ဆိုပြီး ၃၅% လောက်အထိတက်သွားပါတယ်။ တကယ်တော့ သူတို့ ရေနံစိမ်းတွေ မလိုပါဘူး။ ရုရှားရဲ့ အမြတ်အစွန်းတွေကို ခွဲယူဖို့ကြိုးစားနေတာပါ။ ကရင်းမလင် အစိုးရအတွက် ခဝါချပေးနေတာပါ။ အဲဒါရဲ့ အဖြစ်မှန်ပါပဲ" လို့ ဆိုသွားပါတယ်။
“အကောက်ခွန်မဟာရာဂျာ” လို့ နာမည်ပေးထားတဲ့ ကုန်သွယ်ရေးအကြံပေးက အိန္ဒိယရဲ့ ရုရှားရေနံဝယ်ယူမှုနဲ့ ပတ်သက်ပြီး အိန္ဒိယက ရုရှား- ယူကရိန်းငြိမ်းချမ်းရေးကို မဖြစ်စေချင်တဲ့ အထဲမှာ ပါနေတယ်။ ဒါပေမဲ့ အဲ့ဒိစစ်ပွဲနဲ့ပတ်သက်ပြီး သွေးထွက်သံယိုဖြစ်နေတာတွေက သူတို့နဲ့ မဆိုင်ဘူး ဆိုတာကိုလည်းမြင်စေချင်တယ်။ တရုတ်နဲ့ မတူဘူး။ ရှီကျင့်ဖျင်က ပြတ်ပြတ်သားသားကို ရုရှား ရေနံ ဝယ်နေတာ လို့ဆိုသွားပါတယ်။
"သမ္မတ ထရမ့် က အဲဒီစစ်တုရင်ခုံကို လှလှပပမြင်ပါတယ်။ နည်းလမ်းများစွာဖြင့် ငြိမ်းချမ်းရေးလမ်းစကို ဖော်ဆောင်ဖို့အတွက် အိန္ဒိယကို လည်ပင်းညှစ်နေတာပါ” လို့လည်း ပြောပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment