ဆိုက်ဘာရာဇဝတ်မှုကြီးတစ်ခုနဲ့ ပတ်သက်ပြီး အင်တာပိုက လူပေါင်း ၁၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုက်ဘာရာဇဝတ်မှုကြီးတစ်ခုနဲ့ ပတ်သက်ပြီး အင်တာပိုက လူပေါင်း ၁၂၀၀ ကျော်ကို ဖမ်းဆီးခဲ့


ဩဂုတ် - ၂၃ ( တနင်္ဂနွေနေ့ ) 

ဗြိတိန်နှင့် အာဖရိကနိုင်ငံ ၁၈ နိုင်ငံရှိ အာဏာပိုင်များစုပေါင်းပြီး  လူပေါင်း ၈၈,၀၀၀ နီးပါးကို ထိခိုက်စေခဲ့တဲ့  ဆိုက်ဘာရာဇဝတ်မှုကြီးတစ်ခုကိုဖော်ထုတ်ပြီး လူပေါင်း ၁၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အင်တာပိုလ်၊ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရဲတပ်ဖွဲ့က သောကြာနေ့တွင် အတည်ပြုခဲ့ပါတယ်။ 

နိုင်ငံတကာ ရဲအရာရှိများက Serengeti 2.0 စစ်ဆင်ရေးအတွင်း ဒေါ်လာ ၉၇.၄ သန်းကို ပြန်လည်သိမ်းဆည်းခဲ့ပြီး အွန်လိုင်းပေါ်က “အန္တရာယ်ရှိသော အခြေခံအဆောက်အအုံများ” ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ရပ်ပေါင်း ၁၁,၄၃၂ ခုကို ရှာဖွေကာ ဖျက်ဆီးခဲ့ကြောင်း အင်တာပိုလ်ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

ဇမ်ဘီယာတစ်နိုင်ငံတည်းမှာပဲ ကျားဖြန့်လုပ်ငန်းကြောင့် ဒုက္ခရောက်ခဲ့တဲ့ သားကောင် ၆သောင်းခွဲလောက် ရှိပါတယ်။ အွန်လိုင်းရင်းနှီးမြုပ်နှံမှု လိမ်လည်မှုအစီအစဉ်ကနေ ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိပြီး အခုတော့ အဲ့ဒိအကောင့်တွေအားလုံး ကို ဖျက်သိမ်းခဲ့ရပါတယ်။ အဲ့ဒါတွေကို စုံစမ်းတဲ့ကိစ္စက ဇွန်လကနေ စတင်ခဲ့ပါတယ်။ 

အင်တာပိုလ်ရဲ့ ဆိုက်ဘာရာဇဝတ်မှုဌာနခွဲ အာဖရိကပူးပေါင်းစစ်ဆင်ရေး AFJOC လက်အောက်ရှိ အာဏာပိုင်များက အာဖရိကနိုင်ငံများစွာတွင် ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းများကို စတင်ပစ်မှတ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေကို လုပ်ခဲ့ပါတယ်။ အဲ့ဒိအဖွဲ့က ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးမှ ရန်ပုံငွေကို လက်ခံပြီး လုပ်ဆောင်ခဲ့တာပါ။ 

အန်ဂိုလာရှိ တာဝန်ရှိသူများက တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးနဲ့ မိုင်းတူးနေတဲ့ နေရာ ၂၅ ခုကို ဖော်ထုတ်ပြီး အဲ့ဒိလုပ်ငန်းတွေကို ဓာတ်အားပေးနေတဲ့ စက်ရုံ ၄၅ ရုံကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ အဲ့ဒိလုပ်ငန်းတွေက ကန်ဒေါ်လာ ၃၇ သန်းကျော် တန်ဖိုးရှိပါတယ်။ ဖမ်းဆီးထားတဲ့ ဓာတ်အားပေးစက်ရုံတွေကို အခုတော့ အစိုးရက မဟာဓာတ်အားပေး လိုင်းအတွက် သုံးနေပါတယ်။ အန်ဂိုလာတွင် တရုတ်နိုင်ငံသား ၆၀ ခန့်ကိုလည်း အာဏာပိုင်များက ဖမ်းဆီးခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)