ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဇုန်အလိုက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဇုန်အလိုက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ



ပင်းတယ ၊ ဩဂုတ် ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်းတွင် ယမန့်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်က အဖွင့်အမှာစကား ပြောကြားပေးသည်။ ထို့နောက်စစ်ကြောင်းမှူးမှ ဦးဆောင်၍အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြပြီး စစ်ကြောင်းပုံစံဖြင့် အလေးပြုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။ဆက်လက်၍အ.ထ.က၊ ပင်းတယနှင့် အ.ထ.ကကြိုသက် ကျောင်းသား/ကျောင်းသူများက “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” တေးသီချင်းဖြင့် လည်းကောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “သွေးကြောထဲက အားမာန်” တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


ယင်းနောက် ပထမပွဲစဉ်အဖြစ် တောင်ပေါ်ကြီးဇုန်ဘောလုံးအသင်းနှင့် ပွေးလှဇုန်‌ဘောလုံ အသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြရာ ‌ပွေးလှဇုန်အသင်းက တောင်ပေါ်ကြီးဇုန်အသင်းကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရကာ အဆိုပါဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂၂ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ၎င်းဘောလုံးပြိုင်ပွဲတွင် အမျိုးသားဇုန်အလိုက် (၈)သင်းနှင့် အမျိုးသမီးဇုန်အလိုက် (၈) သင်းဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သီဟဦးထံမှ သိရသည်။


အောင်ကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)