ဗဟန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်


ဗဟန်း၊ သြဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား ဩဂုတ်လ(၂၂)ရက်နေ့နေ့လယ် ၁ နာရီတွင် အနောက်ရွှေဂုံတိုင်ရပ်ကွက်နှင့် ဆရာစံတောင်ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်စေခဲ့ကာ  မဲပေးစက် ဆိုင်ရာအသိပညာပေးခြင်းအား ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်နေမှူများအား ကမာရွတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝေနှင့်အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်နှင့် ဆရာစံတောင်ရပ်ကွက်များရှိ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်စေခဲ့ပြီး  မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်ရာ၌  မဲဆန္ဒရှင်စုစုပေါင်း ၁၇၆၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)