၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ပပို့ကုန်ကဏ္ဍတွင် ယခင်နှစ်များထက် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ ပို့ကုန်ဝင်ငွေတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ပပို့ကုန်ကဏ္ဍတွင် ယခင်နှစ်များထက် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ ပို့ကုန်ဝင်ငွေတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ ဩဂုတ် ၂၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယမန်နေ့က ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ပပို့ကုန်ကဏ္ဍတွင် ယခင်နှစ်များထက် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ ပို့ကုန်ဝင်ငွေတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ခြင်းနှင့်အတူ လိုအပ်သောသွင်းကုန်ကိုလည်း ဖြည့်ဆည်းပေးလျက်ရှိသောကြောင့် ညီနောင်အသင်းအဖွဲ့များအနေဖြင့် ပို့ကုန်တိုးမြှင့်နိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရေထွက်ပို့ကုန်ကဏ္ဍတွင်လည်း GACC ခွင့်ပြုချက်ရရှိပြီးသည့် ရေထွက်ပစ္စည်းများတိုးတက်တင်ပို့နိုင်ရေး၊ ပြည်ပပို့ကုန်ဈေးကွက်သစ်နိုင်ငံများ ရှာဖွေနိုင်ရေး၊ ရော်ဘာ၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံ စသည့်ပို့ကုန်များထုတ်လုပ်မှုမြှင့်တင်နိုင်ရေး ညီနောင်အသင်းအဖွဲ့များအနေဖြင့် အသင်းဝင်များကို တိုက်တွန်းဆောင်ရွက်ကြစေလိုကြောင်း၊ CMP လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်သစ်များရရှိရေး နည်းလမ်းရှာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို ရှေးရှုပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် အခက်အခဲများရှိက တင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ညီနောင်အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်နှင့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းမှ သင်္ဘောကုမ္ပဏီ ၁၀ ခု၏ တာဝန်ရှိသူများအားတွေ့ဆုံပြီး ထိုင်းနိုင်ငံရနောင်းဆိပ်ကမ်း၊ မြန်မာနိုင်ငံကော့သောင်းဆိပ်ကမ်းတို့မှ ကုန်ပစ္စည်းများသယ်ဆောင်ရာတွင် ကုန်တင်လွှာစနစ်စံပြုလုပ်ငန်းစဉ်(SOP)အရ လိုက်နာ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဥပဒေ၊ နည်းဥပဒေနှင့် သက်ဆိုင်သည့်အကျိုးဆက်များနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)