ဩဂုတ် - ၉ ( စနေနေ့ )
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဇမ်ဘီယာနိုင်ငံမှာရှိတဲ့ တရုတ်သတ္တုတွင်းတွေက ယိုဖိတ်ကျလာတဲ့ ညစ်ညမ်းရေတွေက ဒေသတွင်းစီးဆင်းနေတဲ့ မြစ်ကြောင်းတွေထဲကို စီးဝင်ပြီး ရေကြောင်းအဆိပ်သင့်မှုတွေ ဖြစ်ပွားနေတယ် ဆိုပြီး အမေရိကန်သံရုံးရဲ့ သတိပေးချက်ကို ဇမ်ဘီယာအစိုးရက ပယ်ချလိုက်ပါတယ်။
တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီက သတ္တုသန့်စင်ရေးအတွက် အသုံးပြုတဲ့ အက်ဆစ်တွေနဲ့ဓါတုအရည်တွေကို မြေသားစွန့်ပစ်ကန်တွေမှာ သိမ်းဆည်ထားပါတယ်။ အဲ့ဒိကန်တွေကျိုးပေါက်မှုဖြစ်ပြီး ဒေသတွင်း အဓိကအသုံးပြုနေတဲ့ မြစ်တစ်စင်းထဲကို စီးဝင်သွားခဲ့ပါတယ်။ အဲ့ဒါကို ဇမ်ဘီယာနိုင်ငံအမေရိကန်သံရုံးက သံရုံးဝန်ထမ်းတွေနဲ့ အများပြည်သူသိအောင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဇမ်ဘီယာအစိုးရကတော့ စွန်ပစ်ရေ ဂါလံသန်းပေါင်းများစွာကို စနစ်တကျသိမ်းဆည်းထားနိုင်ပါတယ် လို့ ကြေညာခဲ့ပါတယ် ။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများကို ကိုးကားပြီး ကီတဝီ ဒေသမှ ထွက်ခွာရန် ဒီအပတ် ဗုဒ္ဓဟူးနေ့က အမေရိကန်ကျန်းမာရေး သတိပေးချက်တစ်ခု ထုတ်ပြန် ခဲ့ပါတယ် ။ သံရုံးဝန်ထမ်းများအား အာဆင်းနစ်၊ ဆိုင်ယာနိုက်၊ ယူရေနီယမ်နှင့် အခြားအကြီးစားသတ္တုများ အပါအဝင် အန္တရာယ်ရှိသော ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းများရှိနိုင်ကြောင်း သတိပေးထားပါတယ်။ သံရုံးက အဆိုပါအန္တရာယ်သည် ချက်ချင်းလက်ငင်းနှင့် ရေရှည်ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု နှစ်မျိုးလုံး ဖြစ်စေနိုင်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ကြာသပတေးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အစိုးရ ပြောခွင့်ရ က ရေရဲ့ pH အဆင့်က ဘေးကင်းသော အတိုင်းအတာသို့ ပြန်လည်ရောက်ရှိသွားပြီးလို့ ဆိုခဲ့ပါတယ်။ “လေးလံသောသတ္တုများရဲ့ ပြင်းအားက တဖြည်းဖြည်း လျော့နည်းလာတာကြောင့် လူ၊ တိရစ္ဆာန်နှင့် အပင်များရဲ့ အသက်အန္တရာယ်ကို ချက်ချင်း ရှောင်လွှဲနိုင်ပြီ” လို့ပြောကြားပြီး ဒေသခံများနှင့် နိုင်ငံတကာ အသိုက်အဝန်းကို ထိတ်လန့်ကြောက်ရွံ့နေရန် မလိုအပ်ကြောင်း ဆိုသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment