ပဒက်တွေ သေတွင်းထဲ တွန်းပို့ခံရလိမ့်အုံးမယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဒက်တွေ သေတွင်းထဲ တွန်းပို့ခံရလိမ့်အုံးမယ်


ပြည်ပြေး ဝရမ်းပြေး အောင်ဇော် ဦးဆောင်တဲ့ ဧရာဝတီသတင်းဌာန က NUG၊ KIA နဲ့ ချင်းညီနောင်တို ပူးပေါင်းလှုပ်ရှားမယ် ဆိုတဲ့ ရုပ်သံသတင်းတစ်ပုဒ်နဲ့ လှုံ့ဆော်ထားတာကို တွေ့ရပါတယ်။ ဒီသတင်းကို တွေ့ရတော့ NUG, KIA, နဲ့ ချင်းညီနောင် တို့အတွက် ပြဿနာမရှိပေမယ့် NUG ရဲ့ လက်ပါးစေ နီပိန်း ပဒက်တွေတော့ ထိုးကျွေးခံရမှာကို အသိစိတ်ထဲ ဒိန်းခနဲ ဝင်လာပါတယ်။

ပြည်ပြေး ဝရမ်းပြေး ခရိုနီတွေဆီကို ငွေလိုက်ခြူနေတဲ့ အောင်ဇော်တို့က မီဒီယာအပါးဝတယ်။ အကြမ်းဖက်လှုံ့ဆော်၊ စစ်တပ်မုန်းတီးရေးဝါဒဖြန့်ပြီး ငွေရှာတာက တစ်နည်း၊ ခရိုနီတွေကို လိုက်ခြိမ်းခြောက်ပြီး ငွေရှာတာက တစ်နည်း ဒီလိုမျိုး ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းနေတွေနဲ့ ငွေရှာပြီး မီဒီယာပလက်ဖောင်းပေါ်က စီးပွားရှာနေတာ သိပ်ကို ဟန်ကျတာပဲ။

ဧရာဝတီရဲ့ သတင်းမှာက အကြမ်းဖက် NUG, KIA, ချင်းညီနောင်အဖွဲ့ (CB) တိုအကြား စစ်ရေး၊ နိုင်ငံရေးအရ မဟာဗျူဟာကျကျ ပူးပေါင်းလှုပ်ရှားဖို သီးခြားဆီ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ဇူလိုင်လ တတိယပတ်က ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ အကြမ်းဖက်ခေါင်းဆောင် ဂွန်မော်ရဲ့ ဖိတ်ကြားမှုနဲ့ KIA ဌာနချုပ် လိုင်ဇာကို ရောက်လာတဲ့ ချင်းညီနောင်အဖွဲ ဟာ KIA အပြင် NUG နဲ့ပါ တဖွဲချင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးချက် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် အလားအလာကောင်းတဲ့ ဆွေးနွေးပွဲ တခုဖြစ်ပြီး စစ်ကိုင်းတိုင်းရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးနိုင်ချေရှိတယ်လို သုံးသပ်မှုတွေ ရှိကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

NUG ဦးဆောင်တဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ KIA က ၂၀၂၁ ကနေ ယနေ့အချိန်အထိ နီပိန်း ပဒက်တွေကို သေပွဲဝင်ခိုင်းပြီး စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်နေတာကို တွေ့ရပါတယ်။ NUG ရဲ့ တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းစဉ်အတွက် KIA က အကြမ်းဖက်သင်တန်း ပို့ချပေးတယ်။ အကြမ်းဖက်သင်တန်းပေးပြီး နီပိန်း ပဒက် (PDF) ဆိုတာတွေကို သံဃာတော်တွေကို သတ်ခိုင်းတယ်။ ပြည်ခိုင်းဖြိုးပါတီဝင်တွေကို သတ်ခိုင်းတယ်။ နိုင်ငံဝန်ထမ်းတွေကို သတ်ခိုင်းတယ်။ နီပိန်း ပဒက်လေးတွေက မိမိတို့ကိုးကွယ်ရာ သံဃာတော်များကိုပင် သတ်ဖြတ်သည်အထိ အရိုင်းအစိုင်း ဘာကြောင့် ဖြစ်သွားတာလဲဆိုရင် KIA လက်အောက်မှာ နေရင်းက မူးယစ်ဆေးရဲ့ သားကောင်လေးတွေ ဖြစ်သွားတယ်။ မူးယစ်ဆေးကျွေးပြီး ခိုင်းတဲ့အခါကြတော့ ဆင်ခြင်တုံတရားဆိုတာ မရှိတော့ဘူး။ နီပိန်း ပဒက်အများစုဟာ ဗမာလူငယ်တွေပါ။ တချို့လည်း KIA လက်အောက်မှာ အတိဒုက္ခရောက်ခဲ့ရတဲ့ အခြေအနေကို ဖွင့်ဟဝန်ခံခဲ့ကြတာတွေ ရှိပါတယ်။ တိုက်ပွဲတွေမှာ အသေခံတပ်သားအဖြစ် နီပိန်း ပဒက်တွေကို အသုံးပြုတယ်။ ဗန်းမော်မြို့တွင်း တိုက်ပွဲများမှာလည်း KIA က ဦးဆောင်နေသည့်တိုင်အောင် အကြမ်းဖက်သမား လိုအပ်တိုင်း အရာတော်၊ ဒီပဲယင်း က နီပိန်း ပဒက်တွေကို လာခေါ်ပြီး အသုံးချနေပါတယ်။ အဲဒီ သတင်းတွေက အတိအကျ ရပါတယ်။

သေတွင်းထဲ အပို့ခံရမယ့် နီပိန်း ပဒက်တွေက ကားမကောင်းရင် မလိုက်ဘူး၊ ကားကောင်းနဲ့ လာခေါ်မှာ လိုက်မယ်ဆိုလို့ KIA က ကောင်းပေ့ဆိုတဲ့ ကားတွေနဲ့ လာခေါ်ပြီးတော့ ဗန်းမော်မှာ သေပွဲဝင်ခိုင်းနေတာ ဖြစ်ပါတယ်။ သေတွင်းထဲ ရောက်ပြီးတဲ့ အချိန်ကြတော့ နီပိန်းတွေလည်း ငရဲကို ကားမကောင်းရင်း မသွားချင်ဘူးလို့ ငြင်းလို့ မရတော့ဘူး။

ရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ NUG အကြမ်းဖက်အဖွဲ့က ပြည်ပြေး ဝရမ်းပြေး လရှီးလ၊ အဆိပ်ဘုရင် ဇော်ဝေစိုး၊ ငမူး ရည်မွန် တို့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာကို ကြည့်ခြင်းအားဖြင့် ခွေးဝဲစား ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ KIA နယ်မြေထဲကို ရောက်နေတယ်လို့ ယူဆစရာ ရှိပါတယ်။

သေချာတာကတော့ NUG အနေနဲ့က ဆက်ပြီးတိုက်ပွဲဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သူတို့တွေကတော့ လေပဲ စိုက်တဲ့သူတွေ ဖြစ်ပါတယ်။ အခု NUG, KIA, ချင်းညီနောင် ပူးပေါင်းပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ အရှိန်မြှင့်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိနေရင်လည်း KIA နဲ့ ချင်းညီနောင် လက်အောက်ကို နီပိန်းပဒက်တွေကို ထိုးထည့်မှာပဲ ဖြစ်ပါတယ်။ ဆင်ခြင်တုံတရား မရှိ၊ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်နေတဲ့ နီပိန်း ပဒက်တွေအနေနဲ့ KIA လက်အောက်မှာ ထပ်ပြီး သေပွဲဝင်ပေးလိုက်ကြအုံး၊ ချင်းညီနောင်(CB) ရဲ့ လက်အောက်မှာ သေပွဲဝင်ပေးလိုက်ကြအုံး။ ဒီအခင်းအကျင်းပဲ ဖြစ်ပါလိမ့်မယ်။

သို့သော် တချို့သော နီပိန်း ပဒက်များ အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့အချိန်မှာ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေရဲ့ လူမျိုးရေး၊ ဘာသာရေးစော်ကားမှု အခြေအနေကိုပါ ရင်ဆိုင်ခဲ့ကြတာဖြစ်တဲ့အတွက် ထပ်မံပြီး NUG, KIA, ချင်းညီနောင်တို့ ပူးပေါင်းပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်လာတဲ့အခါမျိုးမှာလည်း သံဃာတော်တွေကို ပစ်မှတ်ထားတာမျိုး ဖြစ်လာနိုင်ပါတယ်။

KIA, ချင်းညီနောင် တို့ဟာ ခရစ်ယာန်စစ်သွေးကြွလို့ ဆိုနိုင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေးကို အနောက်အုပ်စုရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ဗမာမုန်းတီးရေးလှုံ့ဆော်ပြီး ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်လိုတဲ့ ခရစ်ယာန်စစ်သွေးကြွတွေ ဖြစ်တဲ့အတွက်ကြောင့်တော့ နီပိန်း ပဒက်တွေကို အသုံးချပြီး သံဃာတော်တွေကို သတ်ဖြတ်တာမျိုး၊ ဗုဒ္ဓဘာသာ သာသနိကအဆောက်အုံတွေကို စစ်ရေးအတွက် အသုံးချတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကိုတော့ သတိပြုကာကွယ်ကြဖို့ လိုပါတယ်။

NUG, KIA, ချင်းညီနောင် တို့က စစ်ကိုင်းတိုင်းရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတယ်ဆိုတော့ -

စစ်ကိုင်းတိုင်းအတွင်းမှာက တပ်မတော်အနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားဆောင်ရွက်လာပြီဖြစ်တဲ့အတွက် စိုးရိမ်ဖွယ်ရာ မရှိပါဘူး။ ဖရဲသီးတွေအများကြီး မရှိတော့ဘူး၊ ဒေသအခြေအနေကို ဟုတ်တိုင်းမှန်စွာ တင်ပြဆောင်ရွက်မယ်ဆိုရင် စစ်ရေးဆိုင်ရာ စီမံခန့်ခွဲခွင့် ရှိသူများမှာ မှန်ကန်စွာ စီမံဆောင်ရွက်ပြီး အကြမ်းဖက် NUG, KIA ရဲ့ လက်ပါးစေတွေကို အမျိုးပြုတ်အောင် ရှင်းနိုင်စွမ်းရှိပါတယ်။

NUG, KIA, ချင်းညီနောင်(CB) တွေ့ဆုံမှုက နီပိန်းပဒက်တွေကို သေတွင်းထဲ တွန်းပို့ဖို့ စနစ်တကျ အစီအမံချခြင်း ဖြစ်နေမှာတော့ အသေအချာပါပဲ -


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)