ဗန်ကောက်၊ သြဂုတ် ၆
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၃-၈-၂၀၂၅ ရက်၊ ၁၅၀၀ နာရီတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့ အစည်းအဝေးခန်းမ၌ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) ထုတ်ပေးရေးစခန်း (၄) ခုတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ စခန်းတာဝန်ခံများအား လက်ခံတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။
သံအမတ်ကြီးက လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံရေး၊ လုံခြုံရေးအမြင်များထားရှိရေး၊ CI သက်သေခံလက်မှတ်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လေ့လာဆောင်ရွက်ရေး၊ CI ထုတ်ပေးရေးလုပ်ငန်းစဉ်အောင်မြင်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော် မူဝါဒနှင့်အညီ မြန်မာသံရုံးဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။
CI စခန်းတာဝန်ခံများက CI စခန်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ခဲ့မှု၊ ဌာနအကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံရုံးဝန်ထမ်းများ၊ အလုပ်သမားသံရုံး၊ ဗန်ကောက်မြို့မှ အလုပ်သမားသံအရာရှိများ၊ CI စခန်းတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment