တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်






တာမွေ၊ ဩဂုတ် ၉

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ‌တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တတိယအကြိမ် ထောက်ပံ့ငွေများအား ယာယီနေရပ်စွန့်ခွာ၍ တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ရာတွင် တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများထံ တစ်ဦးလျှင်တစ်လ ထောက်ပံ့ ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ၂၀၂၅-ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လ သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းအား နေရပ်စွန့်ခွာ ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် သို့ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ပြည်သူများ စုစုပေါင်းလူဦးရေ (၁၉၄၈)ဦးရှိ၍ ယနေ့ ဩဂုတ်လ(၉)ရက်နေ့တွင် ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ပြည်သူများ စုစုပေါင်း လူဦးရေ (၁၆၈၆)ဦးကို လက်ဝယ်အရောက် တတိယအကြိမ် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း နှင့် အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ငွေ ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ပြည်သူများ အနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ထုတ်ယူနိုင်ကြောင်း သတင်း ရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

1 comment:

  1. တစ်ကြိမ်မှ မရဖူးဘူးရှင့် ရပ်ကွက် ရုံးကို သွားပြောတော့လဲ ဖောင်တင်ခိုင်းပြီး ဘာမှ အကြောင်ူမပြန်တော့ဘူး ခုချိန်ထိ ဖေဖော်ဝါရီ လထဲက ဖောင်ဖြည့်ခဲ့တာ ကျယ်မတို့ ရဲ့ ဟိုဘက်လမ်းက သူတွေက ရတယ် ကျယ်မတို့ပဲ မရတာ ရှင့်...

    ReplyDelete

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)